ပျဉ်းမနားမြို့နယ်တွင် (CERP) အစီအစဉ်ဖြင့် စိုက်ပျိူးထားသည့် မိုးစပါးမျိုးစေ့ထုတ် စပါးကွက်များ စတင်ရိတ်သိမ်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန က CERP (Covid Economic Relief Plan) အစီအစဉ်ဖြင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၉)အုပ်စုတွင် မိုးစပါးမျိုးစေ့ထုတ် ဧက(၃၄၀)စိုက်ပျိုးခဲ့ရာ ယနေ့တွင် အဆိုပါ မိုးစပါးမျိုးစေ့ထုတ် ဧကများအား စတင်ရိတ်သိမ်းကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရေး သီးသန့်အရေးပေါ် လူနာတင်ကား ဝယ်ယူနိုင်ရန် မတည်အလှူငွေများ ပေးအပ်လှူဒါန်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာအရှေ့ရပ်ကွက် မဟာလူမှုကယ်ဆယ်ရေးအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရေး အရေးပေါ်လူနာတင် ယဉ်ကားလိုအပ်လျက်ရှိရာ ဝယ်ယူနိုင်ရန်အတွက် အလှူရှင်များက မတည်အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ရေဇွာမြို့ စည်ပင်သာယာရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့ဝင်ဆိုင်းဘုတ်နား တစ်ဝိုက် ရှင်းလင်း

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို၊ မြို့ဝင်ဆိုင်းဘုတ် လမ်းဘေးဝဲ/ယာ တစ်လျှောက်တွင် သန့်ရှင်းသာယာလှပပြီး မြို့အင်္ဂါရပ်များ နှင့်အညီဖြစ်စေရန်အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့ချမည်

၂၀၂၀ ပြည်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၉ နာရီတွင် ရွှေဆံတော် ရပ်ကွက်ရှိ အ.မ.က(မူလွန်)နှင့် ရန်ကြီးအောင်ကျေးရွာရှိ အ.ထ.က(ခွဲ) တပ်မတော်ကျောင်းတို့တွင် (၂)ရက်ကြာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျောက်တလုံးကြီးမြို့၌ အမျိုးသမီးငယ်များအား ပထမအကြိမ် (HPV) ကာကွယ်ဆေးထိုး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့၊ ဆောင်းဖိုးကျေးရွာ၌ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် HPV ကာကွယ်ဆေး ပထမအကြိမ် စတင်ထည့်သွင်းထိုးနှံခြင်းကို ဆောင်းဖိုး ကျေးလက် ကျန်းမာရေးဌာနခွဲ၌ ယနေ့နံနက် (၁၀)နာရီခန့် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းဖွင့်လှစ်ပို့ချမည်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်မည့် မဲရုံမှူး နှင့် ဒုမဲရုံမှူးများအား အောက်တိုဘာ ၂၄ ရက်နေ့မှ စတင်ပြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ် ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပုသိမ်မြို့နယ်တွင် ဆန္ဒမဲလက်မှတ်များကို ဖွင့်ဖောက်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့တော်ခန်းမ၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများက ယနေ့နံနက် ၁၁ နာရီမှ စတင်၍ ဆန္ဒမဲလက်မှတ်များကို ဖွင့်ဖောက်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက် ခဲ့ကြသည်။

မင်းကင်းမြို့တွင် အသက် (၉) နှစ်မှ (၁၀) နှစ်အရွယ် အမျိုးသမီးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် အသက် (၉)နှစ် မှ (၁၀)နှစ်အရွယ် အမျိုးသမီးငယ်များအား ပထမအကြိမ် (HPV)သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဦးစီးဌာနတွင် စတင်ထိုးနှံ လျက်ရှိကြောင်း သိရသည်။
Subscribe to