ပုလောမြို့နယ် စည်ပင်သာယာစျေးနှင့် ပျံကျစျေးများ၌ ကိုဗစ်−၁၉ ကာလအတွင်း သတ်မှတ် စည်းကမ်းချက်များ နှင့် အညီရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပုလော  အောက်တိုဘာလ   ၂၁

တနင်္ဿာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် စည်ပင်သာယာစျေး ပျံကျစျေးများ၌ ကိုဗစ်−၁၉ ကာလအတွင်း သတ်မှတ် စည်းကမ်းချက်များနှင့် အညီရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပုလောမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာ ဖြစ်သော မြို့နယ်စည်ပင်သာယာ စျေး၊ ပျံကျစျေးနှင့် စားသောက်ဆိုင်များတွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်းနှင့် Face Shield တပ်ဆင်ပြီး မှသာ ရောင်းခြင်း/ ၀ယ်ခြင်း ပြုလုပ်ကြစေရန်၊ ရောင်းသူ/၀ယ်သူ သတ်မှတ် အကွာ အဝေးတွင် ရောင်းချ၀ယ်ယူရန် စသည့် အချက်များဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာ၌ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဉက္ကဋ္ဌ ဦးတင်စိုးနှင့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့ ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ကျန်းမာရေး ဌာနမှ ၀န်ထမ်းများ ပူးပေါင်း၍ စျေးရောင်း/၀ယ်သူများအား ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ထုတ်ပြန် ထားသည့် စည်းကမ်းချက်များ အပေါ် လိုက်နာဆောင်ရွက်မှု မရှိပါက အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးမော်(ပုလော ပြန်/ဆက်)