အင်ဂျန်းယန်မြို့တွင် ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပေးပို့လာသော ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရမည့် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲလက်မှတ်များအား ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်အတွက် ရရှိမည့် အရေအတွက်အတိုင်း ပြည့်/ မပြည့်၊ စွန်းထင်းစုတ်ပြဲနေသော ဆန္ဒမဲလက်မှတ်များပါဝင်မှု ရှိ/ မရှိ၊ သတ်မှတ်မဲဆန္ဒနယ်၏ ဆန္ဒမဲလက်မှတ်များ ဟုတ်/ မဟုတ်၊ ပါဝင်ရမည့် ကိုယ်စားလှယ်လောင်းအရေ အတွက် မှန်/ မမှန်၊ ကိုယ်စားလှယ်လောင်းများ၏အမည်နှင့် အသုံးပြုသင်္ကေတ(Logo)များမှန်ကန်မှု ရှိ/ မရှိတို့ကို ယမန်နေ့နံနက် ၉ နာရီက ဆန္ဒမဲလက်မှတ်များ ထိန်းသိမ်းထားရှိသည့် အင်ဂျန်းယန် မြို့မ ရဲစခန်း၌ ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်စစ်ဆေးရေးအဖွဲ့က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် (MCCT)အရ စာရင်းကောက်ယူခြင်း ကွင်းဆင်းဆောင်ရွက်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြိုးဖြိုးသက်နှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက် ၁၀ နာရီအချိန် က ဟိုပန်မြို့နယ် ဆီပါကျိုင်းကျေးရွာ၊ မုန်းကွန်ကျေးရွာ၊ နောင်မိုကျေးရွာ၊ ကောင်းဟုန်းရပ်ကွက်၊ ပန်လုံလမ်းရပ်ကွက်တို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များ အား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT)အရ ကွင်းဆင်းစာရင်း ကောက်ယူခြင်းနှင့် အသိပညာပေးရှင်းလင်းခြင်း ဆောင်ရွက်ခဲ့သည်။

နွားထိုးကြီးမြို့နယ်၌ အသက် ၉ နှစ်မှ ၁၀ နှစ်အထိ မိန်းကလေးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ မြို့နယ်အတွင်းရှိ အသက် ၉နှစ်မှ ၁၀နှစ်အထိ အ မိန်းကလေးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် သုံးခွမြို့နယ် အမှတ် ၂ ရပ်ကွက်နှင့် အမှတ် ၃ ရပ်ကွက်ရှိ ပြည်သူများအား အသိပညာပေးခြင်းဆောင်ရွက်

ရန်ကုန်‌တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပြန့်ပွားမှုမှ ထိန်းချုပ် နိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းအချိန်က အမှတ် ၂ ရပ်ကွက်နှင့် အမှတ် ၃ ရပ်ကွက်ရှိ ပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် ရောဂါပိုးရှိ၊ မရှိစစ်ဆေး ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ မိန်းကလေးငယ်များအား ပထမအကြိမ် (HPV) ကာကွယ်ဆေးထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အသက် (၉) နှစ်မှ (၁၀)နှစ်အတွင်းရှိ မိန်းကလေး ငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို ယမန်နေ့မွန်းလွဲ (၂)နာ ရီအချိန်က ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။

ထီးချိုင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်သော မြစိမ်းရောင် စီမံကိန်း စတုတ္ထနှစ်အတွက် ချေးငွေထုတ်ချေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့သော မြစိမ်းရောင်စီမံကိန်း စတုတ္ထနှစ်အတွက် ချေးငွေထုတ်ချေးပေးမှု အား ယမန်နေ့က စပ်စားကျေးရွာတွင် ထုတ်ချေးပေးခဲ့ကြောင်း သိရပါသည်။

လယ်ဝေးမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပုံးအား လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်းနှင့် ကြိုတင်ဆန္ဒမဲ လက်မှတ်များ ထည့်သွင်းခြင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့နံနက် (၁၁)နာရီ က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြိုတင်ဆန္ဒမဲပုံးအား လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ပြီး ကြိုတင်ဆန္ဒမဲလက်မှတ် ထည့်သွင်းခြင်းများ ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ကာလ၌ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ငွေကြာရံပရိယတ္တိစာသင်တိုက်သို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ရဟန်းသံဃာတော်များ ဆွမ်းအခက်အခဲမရှိစေရန် အမှတ်(၃) ရပ်ကွက် ငွေကြာရံပရိယတ္တိ စာသင်တိုက်သို့ အမှတ်(၅)ရပ်ကွက်ရှိ လင်းရောင်ခြည်စာကြည့်တိုက်မှ လူငယ်များက ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်၌ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည်။

စမ်းချောင်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့သို့ ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် အသုံးပြုရန် အရေးပေါ် လူနာတင်ယာဉ်တစ်စီး လှူဒါန်းပေးအပ်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၏ ပြည်သူ့အကျိုးပြု လူမှုဂရုဏာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အရေးပေါ် လူနာတင်ယာဉ်တစ်စီး ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ကန့်သတ်စောင့်ကြည့်ရေး စင်တာ(၂)​ဖွင့်လှစ်ထား​သော စမ်း​ချောင်း အ.ထ.က(၂)ရှေ့တွင် ကျင်းပပြုလုပ်သည်။

တပ်ကုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲထည့်မည့် မဲပုံးအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲလက်မှတ်ထည့်မည့်မဲပုံးအား လုံခြုံရေးကြိုးဖြင့် ချိတ် ပိတ်ခြင်းကို ယနေ့နံနက် ၁၀နာရီခွဲ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ပြုလုပ်သည်။
Subscribe to