ကြို့ပင်ကောက်မြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့လှုပ်ရှားမှုဆောင်ရွက်
မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ (WCRD Campaign) လှုပ်ရှားမှုအဖြစ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့မစည်ပင်သာယာဈေးနှင့် လူစည်ကားရာနေရာ များတွင် ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။