လမိုင်း အောက်တာဘာ ၂၁
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက လမိုင်းမြို့အဝင် နှစ်ကရင်လမ်းဝဂိတ်တွင် အရှိန် အဟုန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မ တီက ပြည်သူလူထုများ လိုက်နာသင့်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာ ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးအတွက် မြို့အဝင် နှစ်ကရင်လမ်းဝဂိတ်တွင် မြို့တွင်းသို့ ဝင်ရောက်လာသော ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအား ကိုယ်အပူ ချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း (Mask)များတပ်ဆင်ခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ ခရီးသွားပြည်သူများ၏ ခရီးသွားလာမှု ရာဇဝင်များ စနစ်တကျ ကောက်ခံစစ်ဆေးခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။
ထို့သို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအဖွဲ့ဝင်များ ပူးပေါင်း၍ အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
တင်ဇာစိုး(ပြန်/ဆက်)