မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မိုင်းဆတ် စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီ က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော် က အမှာစကားပြောကြားပြီး မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြသည်။

ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်/မြို့ထွက် စစ်ဆေးရေး ဂိတ်များတွင် ခရီးသည်တင်ယာဉ်လိုင်းများနှင့် ဖြတ်သန်းသွားလာသူများအား နေ့၊ ည မပျက် စောင့်ကြည့် စစ်ဆေးဆောင်ရွက်ရန်၊ စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ် ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးရန်၊ မြို့မဈေး၊ ယာယီပျံကျဈေးတွင် ဈေးရောင်းချလျက်ရှိသည့် ဈေးသည်များ နှာခေါင်းစည်း Mask တပ်ဆင်ရောင်းချခြင်း ရှိ/မရှိနှင့် မြို့တွင်းသွားလာသူများအား နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးရန်၊ စသည့်အချက်များ ဝိုင်းဝန်း ဆွေးနွေး ခဲ့ကြပြီး ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော် က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)