မယ်စဲ့မြို့နယ်တွင် ပုဂ္ဂလိကမြေယာပိုင်ဆိုင်မှု ရရှိစေရေး မြို့မြေငှားဂရန် ကွင်းဆင်းစစ်ဆေး

ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ မြေယာအရှုပ်အရှင်းကင်းပြီး အမှုတွဲနှင့် ပြည့်စုံသော နေအိမ်များကို ပုဂ္ဂလိကမြေဂရန် ထုတ်ပေးနိုင်ရေးအတွက် မြို့မြေငှားဂရန် ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့နက ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မယ်စဲ့မြို့ မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်တို့၌ မြေပြင်တိုင်းတာ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘုရားသုံးဆူမြို့ (ချက်ပွိုင့်နယ်စပ်)၌ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ အမှတ်(၁)ရပ်ကွက်ရှိ Checkpoint နေရာဟောင်း၌ ပြည်သူ့ဆေးရုံ တာဝန်ခံ ဆရာဝန် Dr.ခိုင်ထူးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်း အဖွဲ့မှ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် ဖြတ်သန်းသွားလာသူများအား ကိုယ်အပူချိန် တိုင်းတာစမ်းသပ် စစ်ဆေးဆောင်ရွက်မှုများကို ယနေ့ နံနက် ၇ နာရီ အချိန်၌ စတင်ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

ဆောမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်လျက် ရှိသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေး လုပ်ငန်းများကို မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်တည်ဆောက်ရေး ကြီးကြပ်မှု ကော်မတီဝင်များသည် ယမန်နေ့က မြေပြင်ကွင်းဆင်း စစ်ဆေးကြသည်။

ကျောက်ကြီးမြို့နယ်၌ကမ္ဘာ့စားသုံးသူများနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်များဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် စည်ပင်သာယာဈေးအတွင်း၊ ဈေးအပြင်ရှိ ဒေသခံပြည်သူများအား ယနေ့နံနက် ၈ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ကမ္ဘာ့စားသုံးသူများနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး လက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် ပိုစတာများစိုက်ထူ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကူးစက် ပျံ့နှံ့မှုအကြောင်း အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး၊ ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့် နည်းလမ်းများကို သိရှိနားလည်စေရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီအသင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် NGO အဖွဲ့များ ပူးပေါင်း၍ လူစည်ကားရာ နေရာများ ဖြစ်သော မြို့မဈေးကြီး၊ လှိုင်းဘွဲ-ပိုင်ကျုံလမ်းဆုံ၊ ခြံကုန်းလမ်းဆုံသို့ သွားရောက်ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့လှုပ်ရှားမှုဆောင်ရွက်

မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင်  ကမ္ဘာ့စားသုံးသူအခွင့်အ‌ရေးများနေ့ (WCRD Campaign) လှုပ်ရှားမှုအဖြစ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့မစည်ပင်သာယာဈေးနှင့် လူစည်ကားရာနေရာများတွင် ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စုရန်ပုံ‌ငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် တည်ဆောက်မည့် လုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံ‌ငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် တည်ဆောက်မည့် လုပ်ငန်းစီမံကိန်းများ နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အောင်မြေသာစံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အင်းစိန်မြို့နယ်၌ စာကြည့်တိုက် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်လှစ်သင်ကြားလျက်ရှိ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်၊ စာငှား/စာဖတ်စနစ် မှန်ကန်တိကျစေရန်နှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

စာရေးဆရာကြီး ဇေယျ၏ နှစ်(၁၂၀)ပြည့် အထိမ်းအမှတ် ဂုဏ်ပြုရုပ်တုဖွင့်ပွဲ မြန်မာ့မျက်ပွင့် စာကြည့်တိုက်တွင် ပြုလုပ်

နိုင်ငံကျော်စာရေးဆရာကြီး ဇေယျ(ဦးယော)၏ နှစ်(၁၂၀) ပြည့်အထိမ်းအမှတ် ဂုဏ်ပြုရုပ်တုဖွင့်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ရန်ကုန်-ပြည်ကားလမ်းရှိ မြန်မာ့မျက်ပွင့် စာကြည့်တိုက်တွင် ယနေ့နံနက် ၉နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးမှ အုတ်ဖိုမြို့ နေအိမ်(၄)လုံမီးလောင်မှုတွင် မီးငြှိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့လှုမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးမှ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ အ-ထ-က ကျောင်းအနီး နေအိမ်(၄)လုံမီးလောင်မှုတွင် မီးငြှိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း အခမ်းအနားကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀နာရီအချိန်က ကျင်းပခဲ့သည်။
Subscribe to