ပလောက်မြို့အတွင်း ပလောက်တပ်နယ် ၊ နယ်မြေခံတပ်မတော်သားများမှ ပြည်သူများအား နှာခေါင်းစည်းများလှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်းများကို ပြည်သူများအား ယနေ့နံနက်ပိုင်းက လှူဒါန်း ခဲ့ကြောင်း သိရသည်။

ဒီပဲယင်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကမ္ဘောဇဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ငွေကျပ်သိန်း ၅၀ နှင့် ပစ္စည်း ၇ မျိုး လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဒီပဲယင်းမြို့ ပြည်သူ့ဆေးရုံကြီးတွင်က​မ္ဘောဇဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရန်အတွက် ငွေကျပ်သိန်း ၅၀ နှင့် ပစ္စည်း ၇ မျိုး လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဒီပဲယင်းမြို့ ပြည်သူ့ဆေးရုံကြီး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရပါသည်။

နမ့်စန်မြို့တွင် အငြိမ်းစား ပင်စင်လစာများကို လူစုလူဝေးမဖြစ်ပေါ်စေရန် ရက်အလိုက်သတ်မှတ်၍ စနစ်တကျ ထုတ်ပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်၍ မြန်မာ့ စီးပွားရေးဘဏ်တွင် ယနေ့နံနက် ၈နာရီခွဲ က စတင်၍ ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်ကော်မရှင်အဖွဲ့(ခွဲ)ရုံးမှ မဲရုံမှူး သင်တန်းဖွင့်လှစ်နိုင်‌ရေးနှင့် ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်း ဖွင့်လှစ်နိုင်ရန်အတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မနက် (၁၁)နာရီက မြို့နယ်ကော်မရှင်အဖွဲ့(ခွဲ)ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှင်ဗွေယန်မြို့တွင် အသက် ၉ နှစ်မှ ၁၀ နှစ်အထိ မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် အသက်(၉)နှစ်မှ (၁၀) နှစ်အထိ မိန်းကလေး ငယ်များအား သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးကို ယနေ့နံနက် (၉) နာရီတွင် ကျေးလက် ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိသည်။

မိတ္ထီလာမြို့နယ် မကျီးချောက်ကျေးရွာ၌ ယာမြေကွက်အား ဘက်ဟိုးဖြင့် မြေညှိ မြေထိုး ပြုလုပ်ရာမှ စစ်ကျန်ဗုံးသီးဟောင်း (သံချေးတက်) တစ်လုံးတွေ့ရှိ

မိတ္ထီလာမြို့နယ် ဇောင်းချမ်းကုန်းကျေးရွာအုပ်စု မကျီးချောက်ကျေးရွာတွင် ယာမြေကွက်အား ဘက်ဟိုးဖြင့် မြေညှိ မြေထိုးပြုလုပ်ပေးရာမှ ယမန်နေ့ နံနက်က ၁၀ နာရီ ၁၅ မိနစ် အချိန်က စစ်ကျန်ဗုံးသီးဟောင်း(သံချေးတက်) တစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ခွဲအဖွဲ့ဝင် များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် စေ့စပ်ညှိနှိုင်းရေး အဖွဲ့ခွဲ အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။

ထီးလင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာများ စတင်ထုတ်ပေး

ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲရုံး၌ အငြိမ်းစား ဝန်ထမ်းများအား ယနေ့ နံနက် ၈ နာရီမှစ၍ ပင်စင်လစာများ စတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျေးရွာအုပ်စုများရှိ မဲရုံများအား ကွင်းဆင်းစစ်ဆေး

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် ကျေးရွာအုပ်စုများတွင် ထားရှိဆောင်ရွက်မည့် မဲရုံများသို့ အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်တာဝန်ရှိသူများမှ ကွင်းဆင်းပြီး ဆွေးနွေး ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to