ကျွန်းစုမြို့တွင် ကိုဗစ် - ၁၉ ကာကွယ်ရေး ပစ္စည်းများအား မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်း

ကျွန်းစု အောက်တိုဘာ ၂၁


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက်  ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ပြည်သူဆေးရုံသို့ ကိုဗစ် - ၁၉ ကာကွယ်ရေးပစ္စည်းများကို စေတနာရှင်၊ အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အထောက်အကူပြု ကော်မတီက စေတနာရှင်၊ အလှူရှင်များ လှူဒါန်းထားသော ဆေးရုံသုံးကုတင် (၂၀)လုံး၊ အောက်ဆီဂျင်ဗူး (၂)ဗူး၊ Patient monitor (၁)လုံး၊ Oxygen concentrator (၁)လုံး၊ Gas regulator(၂)လုံး တို့ကို မြို့နယ်ပြည်သူ့ဆေးရုံတွင် အသုံးပြုရန်အတွက် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး စေတနာ၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)