ရွှေတောင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ

ရွှေတောင် အောက်တိုဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဦးစီးဌာနတွင် စတင်ထိုးနှံ လျက်ရှိကြောင်း သိရသည်။ 

သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)စတင် ထိုးနှံခြင်းကို  ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အစီအစဉ်များဖြင့် မြို့နယ်အတွင်းရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း မိန်းကလေးငယ် စုစုပေါင်း(၇၈၀)ဦးကို အောက်တိုဘာ (၂၁)ရက်နေ့မှ (၃)ရက်အတွင်း သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးအား စတင်ထည့်သွင်း ထိုးနှံသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှူး ဒေါက်တာ ထက်အောင်ထံမှ သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)