ပျဉ်းမနား အောက်တိုဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန က CERP (Covid Economic Relief Plan) အစီအစဉ်ဖြင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၉)အုပ်စုတွင် မိုးစပါး မျိုးစေ့ထုတ် ဧက(၃၄၀)စိုက်ပျိုးခဲ့ရာ ယနေ့တွင် အဆိုပါ မိုးစပါးမျိုးစေ့ထုတ်ဧကများအား စတင်ရိတ်သိမ်း ကြောင်း သိရသည်။
ထိုသို့ မိုးစပါးမျိုးစေ့ထုတ်စပါးများ စတင်ရိတ်သိမ်းရာတွင် ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့် ပူးပေါင်းကာ နတ်သူရဲကျေးရွာ၊ ကွင်းအမှတ်(၁၇၀၆)တောင်သူ ဦးဘသန်း စိုက်ပျိုးထားသည့် မနောသုခငါးဧကကို စတင်ရိတ်သိမ်းရာ စံကွက်အရအထွက်နှုန်းမှာ တစ်ဧကလျင်(၁၀၄)တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုးမိုး(ပြန်/ဆက်)