မန္တလေး၊ အောက်တိုဘာ ၂၁
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာအရှေ့ရပ်ကွက် မဟာလူမှုကယ်ဆယ်ရေးအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရေး အရေးပေါ်လူနာတင် ယဉ်ကားလိုအပ်လျက်ရှိရာ ဝယ်ယူနိုင်ရန်အတွက် အလှူရှင်များက မတည်အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
မဟာလူမှုကယ်ဆယ်ရေးအဖွဲ့သည် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်ရေးကာလအတွင်း လက်ရှိ အသင်းရှိ မော်တော်ယာဉ်တစ်စီးတည်းဖြင့် သံသယလူနာများ ပို့ဆောင်ခြင်း၊ ပြည်တော်ပြန် နေရပ်ပြန်များအား ပို့ဆောင်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအား ဆေးရုံများသို့ ပို့ဆောင်ပေးခြင်း၊ ပိုးတွေ့လူနာများနှင့် ထိစပ်လူများအား ပို့ဆောင်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အဓိကကျသော ထိစပ်နေရာများကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆေးဖြန်းခြင်းများကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မဟာလူမှုကယ်ဆယ်ရေးအဖွဲ့၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ လုပ်ဆောင်နိုင်ရန် လိုအပ်လျှက်ရှိသော ကားဝယ်ယူနိုင်ရေးအတွက် ဦးရှတီနှင့်ဇနီးဒေါ်လှထား မိသားစုမှ (၅၀၀၀၀ဝိ/-)ကျပ်၊ ဝေယံဦး ဇာတ်အဖွဲ့မှ မိသားစုမှ (၁၅၀၀၀ဝိ/-)ကျပ်နှင့် ရွှေချမ်း မိသားစုမှ (၁၀၀၀၀ဝိ/-)ကျပ် မတည်လှူဒါန်းခဲ့ကြပြီး အရေးပေါ်လူနာတင်ကား ဝယ်ယူနိုင်ရေးအတွက် အလှူငွေများ လိုအပ်လျှက်ရှိနေသေးရာ စေတနာရှင် အလှူရှင်များ အနေဖြင့် လှူဒါန်းလိုပါက ကိုသက်ကြီး ဖုန်းနံပါတ် ၀၉၄၀၂၆၀၀၀၃၃၊ ၀၉၄၄၁၁၁၉၁၁၉ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်