ဘားအံ၊ အောက်တိုဘာ ၂၁
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသောကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူနေသူ များ အနက်မှ ၁၃ ဦးသည် ပြန်လည်ကျန်းမာလာ၍ ယမန်နေ့နံနက်ပိုင်းက ဆေးရုံမှဆင်းသွားကြပြီ သက်ဆိုင်ရာနေရာများတွင် Home Stay (၇)ရက် ဆက်လက်နေထိုင်သွားရမည် ဖြစ်သည်။
ထိုသို့ ပြန်လည်ကျန်းမာလာ၍ ဆေးရုံမှဆင်းသွားသူများတွင် ကျန်းမာရေးဝန်ထမ်း ၇ ဦးပါဝင်ပြီး ဘားအံမြို့ အမှတ် (၂) ရပ်ကွက်မှ ၂ ဦး၊ အမှတ် (၁) ရပ်ကွက်မှ ၂ ဦး၊ လှိုင်းဘွဲမြို့နယ်မှ ၂ ဦးပါဝင်ပြီး ကရင်ပြည်နယ်တစ်ခုလုံးအနေဖြင့် အောက်တိုဘာလ ၂၀ ရက်နေ့ထိ ကိုဗစ် ၁၉ ပိုးတွေ့လူနာစုစုပေါင်း ၁၉၁ ဦးရှိပြီဖြစ်ကာ သေဆုံးလူနာ ၂ ဦးရှိပြီး ပြည်နယ်အတွင်း ဆေးရုံတက်ရောက်ဆဲလူနာ ၁၀၁ ဦးရှိရာ ပြန်လည်ကျန်းမာလာ၍ ဆေးရုံကဆင်းသွားသူ ၉၀ ဦးရှိပြီးဖြစ်ကြောင်း ကရင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)