ဆိပ်ဖြူမြို့နယ်တွင် မဲရုံမှူးများအား မဲရုံနှင့်မဲပေးပုံအဆင့်ဆင့် လက်တွေ့သရုပ်ပြလေ့ကျင့်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲ၌ တာဝန်ထမ်း ဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲများအား မဲရုံအတွင်းမဲပေးပုံ အဆင့်ဆင့် လက်တွေသရုပ်ပြ လေ့ကျင့်ခြင်းကို ယမန်နေ့ညနေ (၃) နာရီခွဲက ကိုးတောင့် အထက် တန်းကျောင်းတွင် ပြုလုပ်သည်။

ဟိုပုံးမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်းနှင့် ကြိုတင်မဲထည့်ခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ဆောင်ရွက် ခြင်းကို ယမန်နေ့ ညနေ(၄)နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့သည်။

၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အသက်(၆၀)နှင့်အထက်ရှိ သက်ကြီးရွယ်အို မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အမရပူရမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေး ကောက်ပွဲတွင် အသက် (၆၀)နှင့်အထက်ရှိ သက်ကြီး ရွယ်အိုမဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ (၂၀)ရက် ညနေ(၃)နာရီအချိန်က ရတနာပုံတက္ကသိုလ်ကျောင်း ပြည်ထောင်စု ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရေဖြူမြို့နယ် ကံပေါက်ရှိ အသွားအလာစောင့်ကြည့်ရေးစင်တာအတွက် အလှူငွေနှင့် စားသောက်ဖွယ်များလှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စု ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသွားအလာစောင့်ကြည့်ရေးစခန်းအတွက် အောင်တိုဘာ ၂၀ ရက်နေ့က အလှူရှင်များက အလှူငွေ၊ စားသောက်ဖွယ်နှင့် သောက်ရေသန့်များ၊ Maskများလာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။

ဒိုက်ဦးမြို့နယ်တွင် ဆန္ဒမဲလက်မှတ်များ ရွက်ရေမှန်ကန်မှု ရှိ/မရှိစစ်ဆေး

နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပဲခူးတိုင်း၊ ဒိုက်ဦး မြို့နယ်မှ မဲဆန္ဒရှင်များ မဲထည့်ရန်အတွက် ဆန္ဒမဲလက်မှတ်များကို ရွက်ရေမှန်ကန်မှု ရှိ/မရှိ၊ ပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ (၃)ရပ်လုံးအရေအတွက် မှန်ကန်မှု ရှိ/မရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းနှင့် ကော်မတီအဖွဲ့ဝင်များက ယမန်နေ့ နံနက် ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စစ်ဆေးသည်။

ဒိုက်ဦးမြို့နယ်တွင် ပုံမှန်ဆေးထိုးဆေးတိုက်ခြင်း အစီအစဉ်တွင် (HPV) ကာကွယ်ဆေး ထည့်သွင်း ထိုးနှံခြင်းဆောင်ရွက်

ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ်တွင် (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထည့်သွင်းထိုးနှံခြင်းကို ယနေ့ နံနက်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၆) မင်းတဲ ရပ်ကွက်၊ ဓမ္မာရုံ၌ ပြုလုပ်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့် တာဝန်ကျကျန်းမာရေး၊ ဆရာမများ က ဆေးထိုးရန် လာရောက်ကြသော အမျိုးသမီးငယ်လေး များအား ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက် အစီအစဉ်တွင် HPV ကာကွယ်ဆေးစတင်ထည့်သွင်းခြင်းနှင့်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ယူမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး တာဝန်ယူကြမည့် ဆရာ/ဆရာမများအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ယနေ့ နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ သင်တန်းဖွင့်လှစ် ပို့ချခဲ့သည်။

ကျောက်တံခါးမြို့တွင် (HPV) ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ် စတင်ထိုးနှံ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့စာတိုက်ရပ်ကွက် ဦးစံကျော်လမ်းရှိ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနရုံးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အဆင့်အိတ်ပီဗွီ (HPV) ကာကွယ် ဆေးကိုပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်းခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားနှင့်(HPV) ကာကွယ်ဆေး များကို မိန်းကလေးငယ်များအား စတင်ထိုးနှံပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်ရာ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အဆင်ပြေ ချောမွေ့ စွာ မဲပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်ရုံး ရှင်စောပုခန်းမ၌ ကျင်းပသည်။

ပညာသိင်္ဂီ သီလရှင်စာသင်တိုက်သို့ ဆွမ်းဆန်စိမ်းနှင့် စားသောက်ကုန်များ ဆပ်ကပ်လှူဒါန်း

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Stay At Home သတ်မှတ်ထားစဉ်ကာလ အတွင်း သီလရှင် ဆရာလေးများ ဆွမ်းကိစ္စ အဆင်ပြေ စေရန်အတွက် ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်း၍ ယနေ့ မွန်းလွဲပိုင်းက မြို့မရပ်ကွက်ရှိ ပညာသိင်္ဂီသီလရှင် စာသင်တိုက်သို့ ဆွမ်းဆန်စိမ်းနှင့် စားသောက်ကုန်များ ဆပ်ကပ် လှုဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to