မိုးကုတ်မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ် HPV သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံခြင်း မြို့နယ်အဆင့် ဖွင့်ပွဲကျင်းပ

ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် HPV သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံခြင်း မြို့နယ်အဆင့် ဖွင့်ပွဲအခမ်းအနားကို မိုးကုတ်မြို့နယ် ကိုးကန့်စာပေနှင့် ရိုးရာယဉ်ကျေးမှုခန်းမတွင် ယနေ့မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။

မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ များနှင့်ပတ်သက်ပြီး ပြည်သူများသိရှိနိုင်စေရန် ရည်ရွယ်၍ Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက် ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဖျာပုံမြို့၌ စံချိန်တင် မိုးရွာသွန်းမှုကြောင့် မြို့တွင်းလမ်းများ၊ အိမ်များရေနစ်မြုပ်မှုများ ဖြစ်ပေါ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့တွင် ယမန်နေ့ည သန်းခေါင်အချိန်အထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများရှိ နေအိမ်အချို့ ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး သွားလာမှုခက်ခဲနေကြောင်း သိရသည်။

ကရသူရိမြို့တွင် အသက်(၉)နှစ်မှ(၁၀)နှစ်ထိ မိန်းကလေးတိုင်းကို HPV ကာကွယ်ဆေးထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲမှ စုရပ်(၁)ရှိ အသက်(၉)နှစ်မှ (၁၀)နှစ်ထိမိန်းကလေးတိုင်းကို HPV ကာကွယ်ဆေးကို ယနေ့ နံနက် (၁၀)နာရီက ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး မျိုးစေ့ထုတ်လုပ် စိုက်ခင်းအား ပိုမွှားကျရောက်မှု ရှိမရှိကွင်းဆင်းစစ်ဆေး

ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေအရ ဒေသခံတောင်သူများအနေဖြင့် မျိုးစပါးလိုအပ်ချက်မရှိစေရေး မျိုးကောင်းမျိုးသန့် မျိုးစပါးများကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ပြီး အခြားတောင်သူများကိုလည်း ပြန်လည်ဖြန့်ဝေပေးနိုင်စေရေးအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သော CERP plan အရ မျိုးစပါးနှင့် စိုက်ပျိုးစရိတ် မျိုးခွဲပယ်ခြင်း ဓာတ်မြေဩဇာများကို ထောက်ပံ့ပေးအပ်ခဲ့ရှိကြောင်းသိရသည်။

ငါ့သရောက်မြို့တွင် HPV ကာကွယ်ဆေး ထိုးနှံခြင်းစတင်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်တိုက်နယ် ကျန်းမာရေးဌာနက ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းတွင် အသက် (၉) နှစ်မှ (၁၀) နှစ်အတွင်း အမျိုးသမီးငယ်များအား HPV သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စတင်ထည့်သွင်း၍ ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက တိုက်နယ်ကျန်းမာရေးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် ကိုဗစ်-၁၉ အတည်ပြုလူနာ(၂)ဦး ဆေးရုံဆင်းခွင့်ရ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံ သံဃာ့ဆေးကုသဆောင်၌ ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ(၂)ဦးသည် ကျန်းမာရေး ကောင်းမွန်သွားသည့်အတွက် ယနေ့နံနက်(၁၀)နာရီက ဆေးရုံ ဆင်းခွင့်ပြုခဲ့ကြောင်း မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်ဦးထံမှ သိရသည် ။

ဒေးဒရဲမြို့တွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to