အုတ်တွင်းမြို့နယ်တွင် အသက် (၉)နှစ်မှ (၁၀)ထိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါ အိတ်ချ်ပီဗွီ (HPV)ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့တွင် ပုံမှန်ကာကွယ်ဆေးထိုး / ဆေးတိုက် အစီအစဉ် တွင် ပါဝင်သော သားအိမ်ခေါင်း ကင်ဆာရောဂါ အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ

ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ဗိုလ်တထောင်မြို့နယ်၌ mask တပ်ဆင်ရေး နှိုးဆော်မှု စဉ်ဆက်မပြတ်ဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများ အပြင်ထွက်တိုင်း mask တပ်ဆင်သွားလာမှုရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတာဝန်ရှိသူများက နေ့စဉ်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၈:၃၀)အချိန်တွင် နန်းသီတာသင်္ဘောဆိပ်တွင် ဆောင်ရွက် ခဲ့ကြသည်။

ရေတာရှည်မြို့နယ်ပြင်ပသို့ထွက်ခွာမည့် ယာဉ်မောင်း ယာဉ်နောက်လိုက်များအား RDT Test Kit ဖြင့်စစ်ဆေးပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့ နယ်အတွင်းမှ ပြင်ပသို့ထွက်ခွာကြမည့် ကုန်တင် ယာဉ်မောင်း ယာဉ်နောက်လိုက်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အောက်တိုဘာ ၂၀ ရက် နေ့ ညနေပိုင်းမှ စတင်၍ RDT Test Kit ဖြင့် စစ်ဆေးပေးလျက် ရှိကြောင်းသိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် နိုင်ငံရေးပါတီကိုယ်စားလှယ်များရှေ့တွင်ကြို တင်မဲပုံးများ လုံခြုံရေးကြိုးချိတ်ပိတ်ခြင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ဆန္ဒမဲပုံးများအားစစ်ဆေး၍ လုံခြုံရေးကြိုးများချိတ်ပိတ်ခြင်းကို ယမန်နေ့ နံနက် ၁၁နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးတွင် သက်ဆိုင် ရာပါတီ ကိုယ်စားလှယ်လောင်းများ ရှေ့၌ပြုလုပ် ခဲ့ကြောင်းသိရသည်။

We Love Yangon၊ We Love Twantay နှင့်အလှူရှင်များ ပူးပေါင်း၍ စားဝတ်နေရေး အခက်အခဲရှိသူများအား အခြေခံစားသောက်ကုန်လှူဒါန်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ဦးဆောင်၍ We Love Yangon၊ We Love Twantay နှင့်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့သူ/မြို့သား အလှူရှင်စေတနာရှင်များ၏ ထည့်ဝင်လှူဒါန်းမှုဖြင့် တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာလ စားဝတ်နေရေး အခက်အခဲရှိသူများအား ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်း လျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်၌ အသွားအလာကန့်သတ်ထားရှိသူ (၁၃၁)ဦး၏ Swab နမူနာများ ရယူ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ အသွားအလာကန့်သတ်ထားရှိသူ များအနက်မှ (၁၃၁)ဦး ၏ Swab နမူနာများအား (၂၃)ကြိမ်မြောက် ဓာတ်ခွဲခန်းစစ်ဆေးရန် ယနေ့ နံနက်ပိုင်းက ရယူခဲ့ကြောင်း သိရ သည်။

ကျောက်တံတားမြို့နယ် Community Based Facility Quarantine Center သို့ နံနက်စာအာဟာရအဖြစ် မုန့်ဖတ်သုတ်နှင့်ဂျင်းကော်ဖီ လာရောက် လှူဒါန်းပေး

 ရန်ကုန်အနောက်ပိုင်း ခရိုင်၊ ကျောက်တံတားမြို့နယ်  Community Based Facility Quarantine Center ရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက်ယနေ့ နံနက်ပိုင်းက ၃၆လမ်း လူငယ်များအဖွဲ့ က နံနက်စာ အာဟာရဒါနအဖြစ် မုန့်ဖတ်သုတ်နှင့်ဂျင်းကော်ဖီဘူးများ လာရောက် လှူဒါန်းပေးခဲ့ ကြောင်း သိရသည်။

ရှားတောမြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်နယ်) ရန်ပုံငွေဖြင့် လျှပ်စစ်မီးမရသေးသည့် အခြေခံပညာကျောင်းများအတွက် အိမ်သုံးဆိုလာနှင့်ဆက်စပ်ပစ္စည်းများ၊ကွန်ပျူတာ၊ ပရင်တာ ပစ္စည်းများနှင့် မီးစက်များထောက်ပံ့ပေးအပ်

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်နယ်) ရန်ပုံငွေဖြင့် ရှားတောမြို့နယ်အတွင်း လျှပ်စစ်မီး မရသေးသည့် အခြေခံ ပညာကျောင်းများ အတွက် အိမ်သုံးဆိုလာနှင့်ဆက်စပ်ပစ္စည်းများ၊ ကွန်ပျူတာ၊ ပရင်တာများနှင့် မီးစက်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက ရှားတောမြို့နယ် စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးနှင့် ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်း ဆွေးနွေးပို့ချ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ဖရူဆိုမြို့နယ်အတွင်းရှိ မဲရုံမှူးနှင့် ဒုမဲရုံမှူး ဆရာ/မများအား ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းကို ယမန်နေ့က မြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူပြု ပစ္စည်းများ လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဇလွန်မြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် အထောက်အကူပြု ပစ္စည်းများကို အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီက လှူဒါန်းခဲ့သည်။
Subscribe to