သဲကုန်းမြို့နယ်၌ အသွားအလာကန့်သတ်ထားရှိသူ (၁၃၁)ဦး၏ Swab နမူနာများ ရယူ

သဲကုန်း   အောက်တိုဘာ    ၂၂


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ အသွားအလာကန့်သတ်ထားရှိသူ များအနက်မှ (၁၃၁)ဦး ၏ Swab နမူနာများအား (၂၃)ကြိမ်မြောက် ဓာတ်ခွဲခန်းစစ်ဆေးရန် ယနေ့ နံနက်ပိုင်းက ရယူခဲ့ကြောင်း သိရ သည်။
ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ FQC များတွင် စောင့်ကြည့်အဖြစ်ထားရှိသည့် ရန်ကုန်မြို့မှ ပြန်လာသူ(၁၂၇)ဦး၊  ထိုင်းနိုင်ငံမှပြန်လာသူ(၁)ဦး၊မော်လမြိုင်မှပြန်လာသူ(၁)ဦး၊ Positive လူနာများနှင့်ထိတွေ့ခဲ့သူ (၁)ဦး၊ ရခိုင်ပြည်နယ်မှပြန်လာသူ(၁)ဦးစုစုပေါင်း (၁၃၁)ဦး တို့၏ Swab နမူနာများကို ဓာတ်ခွဲစစ်ဆေးရန် ကျန်းမာရေးဌာနဝန်ထမ်းများက    နမူနာများ ရယူခဲ့ပြီး ရန်ကုန်မြို့သို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်လင်း (သဲကုန်းပြန်/ဆက်)