ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ဗိုလ်တထောင်မြို့နယ်၌ mask တပ်ဆင်ရေး နှိုးဆော်မှု စဉ်ဆက်မပြတ်ဆောင်ရွက်

ဗိုလ်တထောင်  အောက်တိုဘာ   ၂၂


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများ အပြင်ထွက်တိုင်း mask တပ်ဆင်သွားလာမှုရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတာဝန်ရှိသူများက နေ့စဉ်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၈:၃၀)အချိန်တွင် နန်းသီတာသင်္ဘောဆိပ်တွင် ဆောင်ရွက် ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် သင်္ဘောဆိပ်၌ mask တပ်ဆင်လာခြင်းမရှိသူများ၊ မေးစေ့တွင် ချိတ်သူများအား mask ကို စနစ်တကျတပ်ဆင်အသုံးပြုရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီလိုက်နာနေထိုင်ကြရန် Hand Speaker ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ mask တပ်ဆင်ရေးနှိုးဆော်အသိပညာပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် နန်းသီတာသင်္ဘောဆိပ်မှတာဝန်ရှိသူများ ကပူးပေါင်း ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)