ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် နိုင်ငံရေးပါတီကိုယ်စားလှယ်များရှေ့တွင်ကြို တင်မဲပုံးများ လုံခြုံရေးကြိုးချိတ်ပိတ်ခြင်းပြုလုပ်

ဒဂုံမြို့သစ်(အရှေ့ပိုင်း)   အောက်တိုဘာ  ၂၂

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ဆန္ဒမဲပုံးများအားစစ်ဆေး၍ လုံခြုံရေးကြိုးများချိတ်ပိတ်ခြင်းကို ယမန်နေ့ နံနက် ၁၁နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးတွင် သက်ဆိုင် ရာပါတီ ကိုယ်စားလှယ်လောင်းများ ရှေ့၌ပြုလုပ် ခဲ့ကြောင်းသိရသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာအောင်မျိုးဟိန်းက ပြည်တွင်းပြည်ပမှ ကြိုတင်မဲများ ရောက်ရှိပါက စနစ်တကျထားရှိဆောင်ရွက်ရမည့် အချက်အလက်များနှင့် ကြိုတင် ဆန္ဒမဲများကို မဲပုံးအတွင်းထည့်ပြီးပါက လဲလှယ်ခြင်း၊ ပြောင်းလဲခြင်းများ မပြုလုပ် နိုင်ရန် မူလဆန္ဒပြုထားသည့်အတိုင်း ထည့်သွင်းသိမ်းဆည်းနိုင်ရေးအတွက် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များရှေ့တွင် ချိတ်ပိတ်ခြင်းပြုလုပ်ပြီး သက်ဆိုင်ရာမှတ်တမ်းတွင် အတည်ပြု လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၄၁၂၂၇) ဦးရှိပြီးအသက် ၁၈ နှစ်ပြည့်ပြီး ပထမအကြိမ်မဲပေးခွင့်ရှိသူ(၂၁၁၀၇)ဦးနှင့်မသန်စွမ်း((၂၄၇)ဦး ပါဝင်ပြီး မဲရုံ (၁၇၁) ရုံဖြင့် ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်းသိရသည်။
လှလှထွေး(ပြန်/ဆက်)