ခရမ်းချဉ်သီးဈေး တစ်လအတွင်း ထက်ဝက်ကျော်ကျ

စားဖိုချောင်သီးနှံများမှ တစ်မျိုးဖြစ်သော ခရမ်းချဉ်သီး သီးနှံဈေးသည် တစ်လအတွင်းမှာ ထက်ဝက် ကျော်ကျဆင်းနေတယ်လို့ ခရမ်းချည်သီး စိုက်ပျိုးရောင်းဝယ်လုပ်ကိုင်နေသူများထံမှ သိရသည်။

မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အဝင်/အထွက်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကံမမြို့နယ်တွင် ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ ပင်စင်လစာငွေများ စနစ်တကျ ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင် လစာငွေများကို ယမန်နေ့ နံနက်ပိုင်း မှ စတင်၍ ထုတ်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကာလ အတွင်း လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ရပ်ကွက် ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက်ခွဲခြား သတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ် - ၁၉ ရောဂါနှင့်ပတ်သက်၍ Fever Clinic စင်တာနှစ်ခုတွင် ပြသနိုင်သလို Call Center ဖုန်းများသို့ ဆက်သွယ်နိုင်

ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြသနိုင်ရန် မန္တလေးမြို့၌ ဖွင့်လှစ်ထားသည့် ဖျားနာကုသရေး ဆေးခန်း Fever Clinic စင်တာနှစ်ခုတွင် ပြသနိုင်သည့်အပြင် Call Center ဖုန်းများမှတဆင့် တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း (မန္တလေး တိုင်းဒေသကြီး) COVID-19 Response Team မှသိရသည်။

မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်/ထွက်ဂိတ်တွင် အရှိန်အဟုန်မပျက်စစ်ဆေးဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် မြို့အဝင်/ထွက်ဂိတ်တွင် နေ့စဉ်အရှိန်အဟုန်မပျက် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

တနင်္သာရီမြို့နယ် Community Centre အတွင်း Fitness Dance အဖွဲ့မှကိုယ်လက်လှုပ်ရှားဆေးတစ်ပါးအစီအစဉ် ဖျော်ဖြေတင်ဆက်ပေး

ကိုဗစ်-၁၉ ရောဂါဖြစ်ပွါးနေစဉ် ပြည်သူများ Stay at Home နေစဉ် ကာလအတွင်း စိတ်သက်သာ အပန်းဖြေမှု ရရှိစေရန်နှင့် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး အစီအစဉ်၌ ကိုယ်တိုင်ပါဝင်လှုပ်ရှားနိုင်စေခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် (အထက)တနင်္သာရီတို့ပူးပေါင်း၍ ယမန်နေ့ က လူထုအခြေပြုဗဟိုဌာန Community Centre အတွင်း Fitness Dance အဖွဲ့မှ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး အစီအစဉ် အား တင်ဆက်ဖျော်ဖြေပေးခဲ့သည်။

သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အငြိမ်းစား ပင်စင်လစာများအား နေ့ရက်နှင့် အချိန် သတ်မှတ်၍ ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ‌ ကြိုတင်ကာကွယ်ရေးအတွက် အငြိမ်း စား ပင်စင်လစာများအား နေ့ရက်နှင့် အချိန်သတ်မှတ်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်များနှင့်အညီ အောက်တိုဘာ (၂၀) ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် (၈)နာရီက မြို့ပေါ်ရပ်ကွက်များသို့ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကရင်ပြည်နယ် ဖာပွန်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းတာဝန်ခွဲဝေကြီးကြပ်မှု ညှိနှိုင်းဆွေးနွေးခြင်းများကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

လိုင်လင်းပီမြို့၌ မြို့တွင်းလမ်းမီးများတပ်ဆင်မည့်နေရာများအား ကွင်းဆင်းသတ်မှတ်

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ မြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း (၁၀.၅၅၀)ဖြင့် မြို့တွင်းလမ်းမီး အလုံး(၁၀၀) တပ်ဆင်နိုင်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့လျှပ်စစ်မှူး ရုံးတာဝန်ခံ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းသတ်မှတ် တိုင်းတာခဲ့ကြသည်။

မင်းလှမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူရာ၌ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ပင်စင်စားများအား နေ့အလိုက် ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကာလအတွင်း ပင်စင်စားများအတွက် ပင်စင်များကို ယမန်နေ့မှ စတင်၍ လူစုလူဝေး မဖြစ်ပေါ်စေရေး ထုတ်ပေးလျက်ရှိသည်။
Subscribe to