ဇလွန် အောက်တိုဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဇလွန်မြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် အထောက်အကူပြု ပစ္စည်းများကို အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီက လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ဇလွန်မြို့ပေါ်ရှိ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းသို့ PPE ဝတ်စုံ (၁၀) စုံ၊ ခေါင်းစွပ် (၂) ထုပ်၊ မာဃလုလင်လူမှုကူညီရေးအသင်းသို့ PPE ဝတ်စုံ (၅)စုံ၊ ဂရုဏာ လူမှုကူညီရေးအသင်းသို့ PPE ဝတ်စုံ ( ၅ ) စုံသွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝေယံ(ဇလွန်)