တွံတေး အောက်တိုဘာ ၂ ၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ဦးဆောင်၍ We Love Yangon၊ We Love Twantay နှင့်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့သူ/မြို့သား အလှူရှင်စေတနာရှင်များ၏ ထည့်ဝင်လှူဒါန်းမှုဖြင့် တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာလ စားဝတ်နေရေး အခက်အခဲရှိသူများအား ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်း လျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာလအတွင်းစားဝတ်နေရေး အခက်အခဲတွေ့ ကြုံနေရသော အိုးဘိုအရှေ့ရပ်ကွက်၊ မြလမ်းရှိ မိသားစု(၇၈)စု၊ အိုးဖိုအနောက် ရပ်ကွက်ရှိ မိသားစု(၁)စု စုစုပေါင်းမိသားစု(၇၉)စုကို ဆန်(၆)ပြည်အိတ်တစ်အိတ်၊ ဆီ၀.၉လီတာ တစ်ဗူး၊ ခေါက်ဆွဲခြောက်(၁၀)ထုပ်၊ ငါးသေတ္တာ(၄)ဗူးစသည့် အခြေခံစားသောက်ကုန်(၄)မျိုးကိုWe Love Twantay အဖွဲ့ဝင်များက အလှူရှင်များကိုယ်စား အိမ်တိုင်ရာရောက် ပို့ဆောင်ကုသိုလ် ပြု လိုက်လံလှူဒါန်းပေးခဲ့ကြောင်းသိရသည်။
မျိုးလှိုင်(တွံတေး)