ရေတာရှည် အောက်တိုဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့ နယ်အတွင်းမှ ပြင်ပသို့ထွက်ခွာကြမည့် ကုန်တင် ယာဉ်မောင်း ယာဉ်နောက်လိုက်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အောက်တိုဘာ ၂၀ ရက် နေ့ ညနေပိုင်းမှ စတင်၍ RDT Test Kit ဖြင့် စစ်ဆေးပေးလျက် ရှိကြောင်းသိရသည်။
ကျန်းမာရေးစစ်ဆေးမှုအား ရေတာရှည်၊ ဆွာ၊ သာဂရ၊ မြို့လှ၊ ရေနီမြို့အသီးသီးက ကုန်တင် ယာဉ်မောင်း ယာဉ်နောက်လိုက်နှစ်ဦးစီကို စစ်ဆေးပေးပြီး ဆေးစစ်အဖြေထောက်ခံ ချက်များကို တစ်ခါတည်း ထုတ်ပေးလျက်ရှိကာ စစ်ဆေးခအား တစ်ဦးလျှင် ကျပ်တစ်သောင်း ကောက်ခံကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန မှ သိရသည်။
ဆု(ပြန်/ဆက်)