ကျောက်တံတား အောက်တိုဘာ ၂၂
ရန်ကုန်အနောက်ပိုင်း ခရိုင်၊ ကျောက်တံတားမြို့နယ် Community Based Facility Quarantine Center ရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက်ယနေ့ နံနက်ပိုင်းက ၃၆လမ်း လူငယ်များအဖွဲ့ က နံနက်စာ အာဟာရဒါနအဖြစ် မုန့်ဖတ်သုတ်နှင့်ဂျင်းကော်ဖီဘူးများ လာရောက် လှူဒါန်းပေးခဲ့ ကြောင်း သိရသည်။
ထို့ပြင် နေ့လယ်စာနှင့် ညနေစာအတွက်ပါ ၃၆လမ်း လူငယ်များအဖွဲ့က လာရောက် လှူဒါန်းပေးမည်ဖြစ်ရာ အောက်တိုဘာလ(၂၂)ရက်အတွက် တစ်ရက်တာလုံးလှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် Community Based Facility Quarantine Centerများကို ၃၈လမ်း Plaza အပေါ်ထပ်(၆)လွှာနှင့်(၇)လွှာတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ အသွားအလာကန့်သတ်စောင့်ကြည့်နေရာများသို့ စေတနာရှင်အလှူရှင်များက နေ့စဉ် အလှူငွေ၊ ကာကွယ်ရေးသုံး ပစ္စည်းများ၊ရေသန့်ဘူးများ စားသောက်စရာများကို လာရောက် လှူဒါန်းလျက်ရှိကြောင်းသိရသည်။
ရွှေနန်းမေ