ထန်းတပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသ

ထန်းတပင်(ပဲခူး) အောက်တိုဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြ ဘုတ်တွင် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ပိုစတာများကို ပြသပေးလျက်ရှိသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ ကာလအတွင်း မိမိ၏ဆန္ဒမဲ ပေးပိုင်ခွင့် မဆုံးရှုံးစေရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အကြံပြုချက်များ လိုက်နာစေရေး မဲဆန္ဒရှင်စာရင်း တွင် သင့်အမည်ပါဝင်ပါသလား မကြာခဏမေးလေ့ မေးထရှိသော မဲဆန္ဒရှင်စာရင်းများဆိုင်ရာမေးခွန်းနှင့် အဖြေများ သင့်မှာအချိန်မရှိ မလုံလောက်ဖြစ် နေပါသလား Online ကနေ စစ်ဆေးလိုက်ပါ၊ QR ကုတ်အသုံးပြုနည်းများ ယခုပဲသွားရောက်စစ်ဆေးလိုက်ပါ ခေါင်းစဉ်ပါ နံရံကပ်ပိုစတာများနှင့် သင့်အမည်မဲဆန္ဒရှင် စာရင်းမှာပါ/မပါ စစ်ဆေးပြီးပြီ လား အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် ပြသထား ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)