မိုင်းခတ် အောက်တိုဘာ ၂၂
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်းမသန်စွမ်းသူ စုစုပေါင်း (၁၉)ဦးအား တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်း က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ရာသို့ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မှ ဒေါ်မာဂရက် (အငယ်တန်းစာရေး)၊ ဦးမာကု (လူမှု-၄)၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က မသန်စွမ်းသူတစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် သွားရောက် ပေးအပ် ခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်တွင် မသန်စွမ်းသူစုစုပေါင်း (၁၉)ဦးရှိပြီး စုစုပေါင်းငွေကျပ် (၅၇၀၀၀၀)ကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးဒေ (ပြန်/ဆက်)