ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့် ဇနီးမိသားစုတို့မှ အင်္ဂပူမြို့နယ် အတွင်းရှိ Community Based Facility Quarantine Centre များသို့ နေ့လယ်စာထမင်းထုပ်များ လှူဒါန်း

အင်္ဂပူ အောက်တိုဘာ ၂၂

အင်္ဂပူမြို့နယ်အတွင်းရှိ Community Based Facility Quarantine Centre များသို့ ယမန်‌နေ့နံနက် ၁၁ နာရီက ဧရာဝတီတိုင်း‌ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့် မိသားစုတို့မှ နေ့လယ်စာ ထမင်းထုပ်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါပေးအပ်လှူဒါန်းခြင်းကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် ဇနီးဒေါ်လဲ့လဲ့ဆွေ မိသားစုနှင့် မြိုနယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်တို့က အင်္ဂပူမြို့နယ်အတွင်းရှိ Community Based Facility Quarantine Centre သို့ဝင်ရောက်နေ‌သူများ၊ ကြီးကြပ်ရေးအဖွဲ့များနှင့် ကူညီ‌ဆောင်ရွက်နေသူများအား နံနက်စာထမင်းထုပ်များနှင့် သောက်ရေသန့်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ်တွင် Community Based Facility Quarantine Centre (၉) ခုဖွင့်လှစ်ထားရှိကြောင်းနှင့် ယ‌နေ့အထိနေရပ်ပြန် ၃၇၀ ဦးထားရှိကြောင်း မြို့နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ထံမှ သိရသည်။

မန်းကျော်(ပြန်/‌ဆက်)