ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မဲဆန္ဒရှင်များအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၂၂


ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မဲဆန္ဒရှင်မိဘပြည်သူများအနေဖြင့် ၂၀၂၀ ပြည့်နှစ် နိုင်ဝင်ဘာလ (၈)ရက်နေ့၌ ပြုလုပ်ကျင်းပမည့်  ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မိမိတို့ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများအား ဆန္ဒမဲပေးရာတွင် အခက်အ ခဲမရှိစေရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များမှ ယနေ့နံနက်ပိုင်းအချိန်က လူစည်ကားရာဖြစ်သည့် ယာယီပျံကျဈေးအတွင်း သွားရောက်ပြီး အသိပညာပေးလက်ကမ်းစာစောင် များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် မဲဆန္ဒရှင်မိဘပြည်သူများအနေဖြင့် သိသင့်သိထိုက်သောအချက်အလက်များဖြစ် သည့် သင့်အမည် မဲဆန္ဒရှင် စာရင်းထဲ၌ပါမပါ စစ်ဆေးပြီးပြီလား အရေးကြီးသည့်သတိပေးချက်များ သင်က ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူဖြစ်ပါသလား မဲစာရင်းစစ်ဆေးပါ သွားရောက်ဆန္ဒမဲပေးပါ သတိရပါ ဖြည့်စွက်ရန် လိုအပ်မည့်ပုံစံများ အွန်လိုင်းမှစစ်ဆေးနိုင်သည့် အချက်အလက်များ စသည် တို့ပါဝင်ကြောင်း သိရသည်။
မျိုးမင်းဦး ပြန်/ဆက်