ဆီဆိုင် အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက အောင်သပြေရပ်ကွက်အတွင်းရှိ မြို့ဦးဆုတောင်းပြည့် ဘုရား၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးရာတွင် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်ဒုံစေ့နှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျန်မာရေးဆရာမများက အောင်သပြေရပ်ကွက်အတွင်းရှိ မြို့ဦးဆုတောင်းပြည့်ဘုရား၌ သီရိရပ်ကွက်နှင့် အောင်သပြေရပ်ကွက်အတွင်းရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေးငယ် (၄၂) ဦးတို့အား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး အိုင်အိုဒင်းဆား တစ်ထုပ်စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေးငယ် ၁၉၇၀ ဦးရှိရာ ၁၁၄၆ ဦးကို ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)