မော်လမြိုင်ကျွန်း အောက်တိုဘာ ၂၂
မော်လမြိုင်ကျွန်းမြို့နယ် ကုတင်(၁ဝဝ)ဆေးရုံကြီးတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူများအား နှစ်ဆယ့်လေးနာရီ အချိန်တိုင်း ဂရုစိုက်ကုသပေးလျက်ရှိကြသော ဆေးရုံအုပ်ကြီးဒေါက်တာစန်းဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ အသုံးပြုရန်အတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ စားသောက်ကုန် ပစွည်းများလှူဒါန်းခြင်း၊ ဆေးရုံကြီးတွင်အသုံးပြုရန် ဆေးရုံသုံးပစ္စည်းများ ကျပ်(၂,၆၂ဝ,ဝဝဝ) နှစ်ဆယ့်ခြောက်သိန်းနှစ်သောင်းကျပ် ပေးအပ်လှူဒါန်းခြင်းအား ယမန်နေ့ ညနေ ၄ နာရီက အလှူ့ရှင်ရွှေဥဒေါင်းရွှေဆိုင် မိသားစုကိုယ်စား တွဲလက်များ ပရဟိတအဖွဲ့ ဦးအောင်ကိုဝင်း (အောင်ကြီးတက်တူး)မှ လှူဒါန်းပေးအပ်ရာ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေး ဝန်ထမ်းများက လက်ခံသည်။
ထိုပြင့် Facility Quarantine centre များ၌ ကျန်းမာရေး၀န်ထမ်းများ Swab နမူနာယူရာတွင် လုံခြုံရေး အထောက်အကူပြုပစ္စည်းများကို အ.ထ.က(၁) Centre အတွက် ဦးခင်မောင်ဝင်း+ဒေါ်ခင်ဖြူဝင်း (သိန်းရတနာ ရွှေဆိုင်)မိသားစု၊ ၁၁ လမ်း ဦးမျိုးတင့်+ဒေါ်နုနုဝေ သမီး မအေးမြတ်မြတ်မိုး၊ အောင်ဆန်း(၅)လမ်း၊ ထင်းပွဲရုံ မိသားစု၊ ကုတင်(၅၀)ဆေးရုံအတွက် ကွယ်လွန်သူ ဖခင်ကြီး ဦးကြည်စိုး အားရည်စူး၍ သား မောင်ဖုန်းမြင့်စိုး၊ (၁)လမ်း တိုင်းရင်းဆေးရုံအတွက် ကွယ်လွန်သူ ကိုဝင်းမင်းလတ်အားရည်စူး၍ ဇနီး မသီတာဦး၊ သား မောင်အောင်နိုင်ဝေ (မဂ်လာဆန်ဆိုင်)မိသားစုများမှ လှူဒါန်းကြပြီး အလှူရှင်များကိုယ်စား ဦးအောင်ကိုဝင်း (အောင်ကြီးတက်တူးမှ Centre များသို့ လိုက်လံပေးအပ် လှူဒါန်းကြောင်း သိရသည်။
သီတာအောင်(ပြန်ဆက်)