ပန်းတနော်မြို့ ပန်းရွှေဝါပန်းခြံ သာယာလှပစေရေး သန့်ရှင်းရေးပြုလုပ်

ပန်းတနော် အောက်တိုဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့သာယာလှပစေရေးအတွက် ပန်းရွှေဝါပန်းခြံ၌ သန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းထွဋ်လွင်နှင့် ဝန်ထမ်းများက ပန်းရွှေဝါပန်းခြံအတွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်ထုနှင့် စိုက်ပျိုးထားသည့် အလှပန်းပင်များအား ခြုံနွယ်မြက်ပင်များ မရှိစေရေး ခုတ်ထွင်ရှင်းလင်းခြင်း၊ လမ်းဘေးဝဲယာများတွင် သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)