ဟင်္သာတမြို့ပေါ် ဈေးကြီးများအတွင်းရှိ ဈေးဆိုင်များနှင့် ပျံကျဈေးများတွင် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး

ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ပိုင်ဈေးကြီးများနှင့် ပျံကျဈေးများတွင် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် ရောင်းချခြင်း ရှိ/မရှိ ကို ယနေ့နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များနှင့် စည်ပင်သာယာရေး ကော်မတီအဖွဲ့များက လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ် တောင်သူများအား ဂျုံသီးနှံမျိုးကောင်း၊ မျိုးသန့်နှင့် ဓာတ်မြေဩဇာဖြန်းဖြူး ပေးအပ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယား နိုင်ငံ KOPIA -RDA တို့ပူးပေါင်း၍ ချောင်းဦးမြို့နယ် တောင်သူများအား ဂျုံသီးနှံမျိုးကောင်းမျိုးသန့်နှင့် ဓာတ်မြေဩဇာဖြန်းဖြူး ပေးအပ်ပွဲကို ယနေ့ နံနက်(၉)နာရီ အချိန်က တောကျောင်းကြီး ကျေးရွာ ပေါက်အင်း စိုက်ကွင်း၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

We Love Yangon Thingangyun အဖွဲ့မှ အထက(၂) သင်္ဃန်းကျွန်း Quarantine Center တွင် လိုအပ်လျက်ရှိသော ပစ္စည်းတန်ဖိုးငွေနှင့် စားသောက်ကုန်များ လာရောက်လှူဒါန်း

We Love Yangon Thingangyun အဖွဲ့မှ အထက(၂) သင်္ဃန်းကျွန်း Quarantine Center တွင် လိုအပ်လျက်ရှိသော လျှပ်စစ်မီတာ အသစ်တစ်လုံး၊ မီးကြိုးလိုင်းများ သွယ်တန်းရန် ကုန်ကျငွေနှင့် ရေနွေးတည်အိုးများ၊ ကော်ဖီမစ်၊ ခေါက်ဆွဲခြောက်၊ ခနောဆန်ပြုတ်ထုပ်များ စုစုပေါင်းတန်ဖိုး‌ ငွေကျပ်(၁၄၀၀၀၀၀/-)တစ်ဆယ့်‌ လေးသိန်းကျပ်ခန့် ကို ယနေ့မွန်းလွဲပိုင်း အချိန်က အဆိုပါ Quarantine Center ကွပ်ကဲရေးအဖွဲ့သို့ လာရောက်ပေးအပ် လှူဒါန်းခဲ့သည်။

လူထုဗဟို ပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းမှ ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းခွဲ ၄၉ ခုအား ပညာရေးဌာနနှင့် ကျန်းမာရေးဌာနများသို့ လွှဲပြောင်းပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟို ပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းမှ ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းခွဲ ၄၉ ခုအား ပညာရေးနှင့် ကျန်းမာ ရေးဌာနများသို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါ ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

ပန်ဆိုင်း(ကြူကုတ်)မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ မိုးရာသီကာလတွင် ကူးစက်ဖြစ်ပွားမှုများပြားသည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ယနေ့နံနက် (၁၁)နာရီအချိန်ခန့် က ပန်ဆိုင်း(ကြူကုတ်)မြို့၊ ရပ်ကွက်(၄)နှင့်ရပ်ကွက်(၂)တို့တွင် ခြင်းဆေးဖြန်းခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်သည်။

ပန်းတနော်မြို့နယ်၌ ဧရာဝတီ​မြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် (၁၇) လုံးပြောင်းရွှေ့

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က ကျေးရွာအုပ်စု(၂)အုပ်စုရှိ လူနေအိမ် (၁၇)လုံး ပြောင်းရွေ့ ခဲ့ရကြောင်း သိရသည်။

ကော့မှူးတွင် မဲရုံမှူး၊ ဒုမဲရုံမှူးများကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းပို့ချပေးမည်

၂၀၂၀ပြည့်နှစ် နိုင်ဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် မဲပေးမည့်နေ့၌ မဲရုံတွင် အဓိကအခြေခံကျသော ကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ရမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ ရပ်/ကျေးကော်မရှင် အဖွဲ့ဝင်များအား သက်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်ပါ ပြဌာန်းချက်များနှင့်အညီ ညွှန်ကြားချက်များကို နားလည်သဘောပေါက်စေရန်နှင့် လက်တွေ့ကျင့်သုံး ဆောင်ရွက်ရာတွင် ချွတ်ယွင်းချက်များ၊ အားနည်းချက်များနှင့် မလျော်ကန်သည့် ပြုမှုဆောင်ရွက်မှုများ မဖြစ်ပွား‌ မပေါ်ပေါက်စေရန် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ရန်ကုန် တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှု သင်တန်းကို အောက်တိုဘာ ၂၅ရက်နေ့တွင် နတ်စင်ကုန်းကျေးရွာ၌ ဖွင့်လှစ်သွား မည်ဖြစ်‌ကြောင်း သိရသည်။

မိုးညှင်းခရိုင်အတွင်း အသက်(၆၀)ကျော် ကြိုတင်ဆန္ဒမဲပေးမည့်သူဦးရေပေါင်း ၄၄,၀၀၀ ကျော်ရှိ

မိုးညှင်းခရိုင်တစ်ခုလုံး အတိုင်းအတာအရ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသက်(၆၀)ကျော် ကြိုတင်ဆန္ဒမဲပေးမည့်သူပေါင်း ၄၄၁၄၆ ဦးရှိကြောင်း ခရိုင်ရွေးကောက်ပွဲ အရာရှိ ဦးမျိုးမင်းဦးထံမှ သိရသည်။

နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်အား ပြည်သူများ လိုက်နာကျင့်သုံးမှု ရှိစေရေး ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို ပြည်သူလူထုများအနေဖြင့် လိုက်နာကျင့်သုံးမှု အားကောင်းလာကြောင်း သိရသည်။

ကျုံပျော်မြို့နယ်တွင် မိန်းကလေးငယ် (၂၂၄၆) ဦးကို (HPV) ကာကွယ်ဆေး ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ် နိုင်ရန် အတွက် မိန်းကလေးငယ် (၂၂၄၆) ဦးကို (HPV) ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့က စတင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to