ဒေါပုံ အောက်တိုဘာ ၂၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် Quarantine Center ဆောင်ရွက်ထားရှိသော အမက(၃) ကျောင်းနှင့် အလက(၁)ကျောင်းများသို့ ဆပ်ပြာဆီဘူး၊ ရေမလိုလက်သန့်ဆေးရည်ဘူးနှင့် ကလိုရင်း ပိုးသတ်ဆေး mmk (12 liter)ဘူး၊ rubber glove ၊ Mask များနှင့် အလှူငွေများ လှူဒါန်းပေးခြင်းကို ယမန်နေ့ နေလယ်အချိန်က အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဒေါပုံမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌတို့ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြို့သစ်ရပ်ကွက်ရှိ အမက(၃)ကျောင်းနှင့် ယမုံနာ(၁) ရပ်ကွက်ရှိ အလက(၁) ကျောင်းများရှိ Quarantine Center (၁)နေရာစီအတွက် ဒေါပုံမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းကြီး (APTB-Yangon)က ဆပ်ပြာဆီဘူး(500ml) (၂၀)ဘူး၊ ရေမလို လက်သန့်ဆေးရည်ဘူး(500ml)(၈)ဘူး၊ ကလိုရင်းပိုးသတ် ဆေး (2 liter) (၂)ဘူး rubber glove(၁)ဘူး၊ Mask (၁၀)ဘူးနှင့် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်က Quarantine Center (၁)နေရာစီတွင် Quarantine ဝင်ရောက်သူများအတွက် အာဟာရဒါန အလှူငွေ(၂)သိန်း စုစုပေါင်း (၄)သိန်းတို့ကို လှူဒါန်းပေးခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် Quarantine တာဝန်ခံများ က လက်ခံရယူခဲ့ကြောင်း သိရသည်။
သဲစုစုလွင်(ပြန်/ဆက်)