နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်းမြို့အနီးအက်ဒမန်ပင်လယ် အတွင်း Crew Change ပြုလုပ်ရန် အိန္ဒိယနိုင်ငံနိုင်ငံမှလာရောက်သည့် MV KOTA BAKTl သင်္ဘောပေါ်မှ

ပူတာအိုမြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုနယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသည့် တံတားများအား ကွင်းဆင်းစစ်ဆေး

နယ်စပ်ရေးရာ၀န်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နယ်စပ်ဒေသများ လမ်းပန်ဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်ရေးဆောင်ရွက် ပေးလျက်ရှိရာ ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ကွပ်ကဲမှုအောက်ရှိ ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးနှင့် အဖွဲ့၀င်များသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် တံတားများအား ယမန်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါချို့ယွင်းမှု အဆင့် (၂) မသန်စွမ်းသူ (၃၅၀၀) ဦးအား ထောက်ပံ့ငွေပေးအပ်

ကိုဗစ်-၁၉ ကာလအတွင်း အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါချို့ယွင်းသည့် မသန်စွမ်းသူများ နေ့စဉ် အစားအသောက်နှင့် အဟာရပြည့်၀နိုင်စေရေးအတွက် မကွေးတိုင်း ဒေသကြီး အတွင်းရှိ ကိုယ်အင်္ဂါချို့ယွင်းမှု အဆင့်(၂)ရှိသူ (၃၅၀၀) ဦးအား (၁) ဦးလျှင် ငွေကျပ် (၅၀,၀၀၀/) နှုန်းဖြင့် နိုင်ငံတော်မှ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

"တစ်ထောင့်တစ်နေရာအဖွဲ့"မှ အိမ်ထောင်စု(၅၀၀)အတွက် ဆန်၊ ဆီ၊ ကုလားပဲ လာရောက်လှူဒါန်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း နိုင်ငံတော်ထောက် ပံ့ကြေး တစ်ကြိမ်တစ်ခါမျှ မရဘူးသေးသော အခြေခံ လက်လုပ်လက်စား အိမ်ထောင်စုများသို့ အခြေခံစားသောက်ကုန်ပစ္စည်းများကို  သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ နာယကများဖြစ်သော သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်း၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်တို့ ဦးဆောင်၍ စေတနာရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းငွေများဖြင့် အခြေခံစား သောက်ကုန်များဝယ်ယူကာအိမ်တိုင်ရာ‌ ရောက်လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိသည်။

မလှိုင်မြို့နယ်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာအားလုံး ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်မီးလင်းတော့မည်

မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့နယ်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာအားလုံး ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်မီးလင်းတော့မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

လောင်းလုံးမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယမန်နေ့ နေ့လယ် ၂ နာရီက လောင်းလုံးမြို့၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗထူးခန်းမ၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော SR-456 မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် မြို့မအုပ်စုတွင် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော SR-456 မိုးစပါးတို့မှာရင့်မှည့်လာ၍ ယမန်နေ့နံနက် (၉)နာရီ အချိန်မှ စတင်ကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တောင်သူများပူးပေါင်း၍ စပါးရိတ်သိမ်းခြွေလှေ့ စက်ဖြင့် ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။

မူဆယ်မြို့၊ မိုင်းယု(၁၀၅)မိုင်ကျေးရွာ၌ မဲဆန္ဒရှင်စုစုပေါင်း(၇၀၀၀)ကျော်ရှိပြီး မဲရုံ(၃)ရုံထားရှိမည်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ မိုင်းယု(၁၀၅)မိုင်ကျေးရွာ၌ မဲဆန္ဒရှင်စုစုပေါင်း (၇၈၇၆)ဦးရှိပြီး မဲရုံ(၁)တွင် မဲဆန္ဒရှင်(၂၂၇၉)ဦး၊ မဲရုံ(၂)တွင် (၂၇၆၈)ဦးနှင့် မဲရုံ(၃)တွင် (၂၈၂၉)ဦးဟူ၍ မဲရုံပေါင်း(၃)ရုံကို အသီးသီးခွဲခြားသတ်မှတ်ထားရှိကြောင်း မိုင်းယု(၁၀၅)မိုင် ကျေးရွာအုပ်စု၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံ ပေးအပ်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံ ပေးအပ်ပွဲကို အောက်တိုဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက ပခုက္ကူခရိုင် မီးသတ်ဦးစီးဌာနတွင် ကျင်းပသည်။
Subscribe to