ဂျပန်ကုမ္ပဏီက မြန်မာနိုင်ငံမှ စိန်တလုံး သရက်သီးတန်ချိန် ၁၂၀၀ ဝယ်ယူရန် သရက်စိုက်တောင်သူများ နှင့် စာချုပ် ချုပ်လျက်ရှိ
ယခုနှစ်သရက်သီးရာသီချိန်တွင် မြန်မာနိုင်ငံမှ ထွက်ရှိသော စိန်တလုံးသရက်သီးတန်ချိန် ၁၂၀၀ အားဝယ်ယူရန် သရက်ထွက်ရှိသည့်ဒေသများမှ သရက်စိုက်တောင်သူများနှင့် ဂျပန်နိုင်ငံ YUKIOK Myanmar Co.Ltd မှ စာချုပ်ချုပ်လျက်ရှိကြောင်း မြန်မာ့သရက်ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဦးကျော်စိုးနိုင်ထံမှသိရသည်။