မြောင်းမြမြို့၌ အသက် ၉ နှစ်မှ ၁၀ နှစ်ထိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် အသက်(၉)နှစ်မှ (၁၀) နှစ်ထိ အမျိုးသမီး ငယ်များအား သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးကို ယမန်နေ့နံနက် (၉) နာရီက ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနရုံးနှင့် ကျေးလက်ပြည်သူ့ကျန်းမာရေးဌာန/ခွဲများ၌ အခမဲ့ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ဖာပွန်မြို့တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပို့ချ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့၌ ရပ်ကွက်(၈)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈) အုပ်စုရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး(၁၆)ဦးအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်း ပို့ချခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲခွဲရုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချောင်းသာမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အခက်အခဲမရှိ အောင်မြင်စွာ ကျင်းပနိုင်ရန် ညှိနှိုင်းအစည်းအဝေး ကျင်းပ

ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံများပြင်ဆင်ခြင်းကိစ္စ၊ ကြိုတင်မဲများကောက်ယူရန်ကိစ္စ၊ ကြိုတင်မဲများအား ထိန်းသိမ်းရေးကိစ္စ၊ မီးမရရှိသေးသော ကျေးရွာမဲရုံများတွင် မီးလင်းရေးကိစ္စ၊ မဲရုံလုံခြုံရေးကိစ္စ စသည်တို့အတွက် ညှိနှိုင်းဆောင်ရွက်ခြင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ချောင်းသာမြို့ စုပေါင်းရုံးအစည်းအဝေး ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အရာ​တော်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့ လူနာ( ၅ )ဦး ကျန်းမာ​ရေး​ကောင်းမွန်ပြီး ဆေးရုံမှ ဆင်းခွင့်ရရှိ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ အရာ​တော်မြို့တွင် အောက်တိုဘာလ ၁၁ ရက်​နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး အရာတော်မြို့ ပြည်သူ့ဆေးရုံကြီးရှိ သီးသန့်ခန်းတွင် ထားရှိကြပ်မတ် ကုသပေး လျက်ရှိသော ရန်ကုန် တိုင်း​ဒေသကြီး မင်္ဂလာဒုံမြို့နယ်မှ​ နေရပ်ပြန် ပိုးတွေ့လူနာ (၅) ဦး မှာကျန်းမာ​ရေး ​ပြန်လည်ကောင်းမွန်လာသည့် အတွက် ယမန်နေ့က ဆေးရုံမှ ဆင်းခွင့် ရရှိခဲ့​ကြောင်း သိရသည်။

ဟားခါးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

ဟားခါးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျောက်မဲမြို့၌ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများအား မဲရုံသုံးပစ္စည်းများ ထုတ်ပေး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ လ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကျောက်မဲမြို့နယ်အတွင်း အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျောက်မဲမြို့နယ် ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများအား မဲရုံသုံးပစ္စည်းအချို့ကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန် က ထုတ်ပေးခဲ့ကြောင်း သိရသည်။

ဟားခါးမြို့နယ်၌ ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးသူ (၁၂)ဦးရှိပြီဖြစ်

ဟားခါးမြို့နယ်အတွင်းရှိ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များကို အောက်တိုဘာလ ၂၀ ရက်မှ စတင်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးနေပြီဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲ ပေးသူ ၁၂ ဦးအထိရှိလာကြောင်း သိရသည်။

ဝေါမြို့နယ်၊ မြို့ပေါ်(၆)ရပ်ကွက်၌ ပြည်သူမှပြည်သူသို့ လှူဒါန်းသော အခြေခံစားသောက်ကုန်များကို Together Waw ပရဟိတအဖွဲ့၏ လုပ်အားဒါနဖြင့် လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့၌ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း ပြည်သူမှပြည်သူသို့ လှူဒါန်းသော အခြေခံစားသောက်ကုန်များကို စားသောက်ရေး အခက်အခဲရှိသော အိမ်ထောင်စုများသို့ ဝေါမြို့ Together Waw ပရဟိတအဖွဲ့၏ လုပ်အားဒါနဖြင့် မြို့ပေါ်(၆)ရပ်ကွက်ရှိ အခြေခံမိသားစု အိမ်ထောင်စု (၁၅၀၀)စု အတွက် လိုက်လံထောက်ပံ့ လှူဒါန်းခဲ့သည်။

ဟားခါးမြို့တွင် ၂၀၂၀ ပြည့်နှစ် အ​ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုမဲရုံမှူး သင်တန်းကို အပတ်စဉ် (၃)ခုခွဲ၍ ဖွင့်လှစ် ပို့ချပေးသွားမည်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့်ဒုမဲရုံမှူး သင်တန်း အပတ်စဉ်(၃)ခုခွဲ၍ အောက်တိုဘာ ၂၃ ရက်နေ့မှ စတင် ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြောင်းမြတွင် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းခဲ့သူ တစ်ဦး၏ ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်လှူဒါန်း

မြန်မာ့လွတ်လပ်ရေးအတွက် ၁၉၄၂ ခုနှစ်တွင် "မျိုးချစ်တပ်မတော်" ၌ တာဝန်ထမ်းဆောင်ခဲ့သော တပ်မတော်သား ဗိုလ်ဇေယျ (လွတ်လပ်ရေး မော်ကွန်းဝင် ဒုတိယအဆင့်) အငြိမ်းစား-ကွယ်လွန်သူ၏ ကျန်ရစ်သည့် အမှတ်တရပစ္စည်းများကို ကျန်ရစ်သူမိသားစုများက နိုင်ငံတော်သို့ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ်က မြောင်းမြမြို့ ၊ အမှတ်၄ ရပ်ကွက် ၊ တာဝတိံသာ ၂ လမ်းရှိ နေအိမ်၌ ကျင်းပရာ မြောင်းမြခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက လက်ခံရယူခဲ့ကြောင်း သိရသည်။
Subscribe to