ရန်ကုန် အောက်တိုဘာ ၂၂
We Love Yangon Thingangyun အဖွဲ့မှ အထက(၂) သင်္ဃန်းကျွန်း Quarantine Center တွင် လိုအပ်လျက်ရှိသော လျှပ်စစ်မီတာ အသစ်တစ်လုံး၊ မီးကြိုးလိုင်းများ သွယ်တန်းရန် ကုန်ကျငွေနှင့် ရေနွေးတည်အိုးများ၊ ကော်ဖီမစ်၊ ခေါက်ဆွဲခြောက်၊ ခနောဆန်ပြုတ်ထုပ်များ စုစုပေါင်းတန်ဖိုး ငွေကျပ်(၁၄၀၀၀၀၀/-)တစ်ဆယ့် လေးသိန်းကျပ်ခန့် ကို ယနေ့မွန်းလွဲပိုင်း အချိန်က အဆိုပါ Quarantine Center ကွပ်ကဲရေးအဖွဲ့သို့ လာရောက်ပေးအပ် လှူဒါန်းခဲ့သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဆက်လက် ကူးစက်ပြန့်ပွားမှု မရှိစေရေး၊ ထိန်းချုပ်ကာကွယ်နိုင်ရေးတို့အတွက် ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သည့် Primary contact များ အားထားရှိကာ စောင့်ကြည့်နိုင်ရေး အတွက် ဆောက်လုပ်ရေး ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)၊ သင်္ဃန်းကျွန်းပညာရေး ကောလိပ်၊ အထက (သုဝဏ္ဏ)၊ အထက-(၂) သင်္ဃန်းကျွန်းနှင့် အလက(၆) သင်္ဃန်းကျွန်း တို့တွင် Community Based Facilities Quarantine Center များ ဖွင့်လှစ်ဆောင်ရွက်ထားရှိကာ အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)