ဟင်္သာတမြို့ပေါ် ဈေးကြီးများအတွင်းရှိ ဈေးဆိုင်များနှင့် ပျံကျဈေးများတွင် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး

ဟင်္သာတ အောက်တိုဘာ ၂၂

ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးကြီးများနှင့် ပျံကျဈေးများတွင် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များနှင့် စည်ပင်သာယာရေး ကော်မတီအဖွဲ့များက လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးမြင့်သိန်းနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့များ၊ စည်ပင်သာယာရေး ကော်မတီအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့က ‌ပဒေသာဈေး၊ ဌေးဝင်းဈေးနှင့် ပျံကျဈေးများတို့တွင်  ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချနေမှု၊ ဈေးရောင်းချရာတွင် နှာခေါင်းစည်း(Mask)နှင့် Face Shield တပ်ဆင်‌ ရောင်းချခြင်း ရှိ/မရှိတို့ကို လိုက်လံ စစ်ဆေးခဲ့ပြီး ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများတွင် နှာခေါင်းစည်း (Mask) တပ်ဆင်လာခြင်း မရှိပါက (Mask) တပ်ဆင် သွားလာရောင် ချရေးတို့ကို အသိပညာပေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)