ပန်းတနော်မြို့နယ်၌ ဧရာဝတီ​မြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် (၁၇) လုံးပြောင်းရွှေ့

ပန်းတနော် အောက်တိုဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က ကျေးရွာအုပ်စု()အုပ်စုရှိ လူနေအိမ် (၁၇)လုံး ပြောင်းရွှေ့ ခဲ့ရကြောင်း သိရသည်။

မြစ်ကမ်းပါးပြိုကျမှုကြောင့် ပန်းတနော်မြို့နယ် တူးချောင်းကျေးရွာအုပ်စု တူးချောင်းကျေးရွာနှင့် ရေပေါ်ကြီး ကျေးရွာအုပ်စုရှိ အထက်ကဇင်းတောကျေးရွာ၊ ကလားမချောင်းကျေးရွာတို့တွင် သစ်အိမ် ()လုံး၊ ဝါးအိမ်(၁၃)လုံး စုစုပေါင်း (၁၇)လုံး၊အိမ်ထောင်စု (၁၇)စုတို့မှ နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များတွင် လည်းကောင်း၊ ကမ်းလွတ် သည့်မြေကွက်များပေါ်တွင် လည်းကောင်း ပြောင်းရွှေ့ကာ နေအိမ်များပြန်လည်ဆောက်လုပ် နေထိုင်လျက် ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)