ကြည့်မြင်တိုင်မြို့နယ်တွင် ခေတ်မီအလှဆင်လမ်း ကွန်ကရစ်တုံး၊ လမ်းညွှန်ဆိုင်းဘုတ်များ ပြုလုပ်​ဆောင်ရွက်

ကြည့်မြင်တိုင် အောက်တိုဘာ ၂၃

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ခေတ်မီအလှဆင် လမ်းကွန်ကရစ်တုံး၊ လမ်းညွှန်ဆိုင်းဘုတ်များ ပြုလုပ်​ဆောင်ရွက်ခြင်းကို ယမန်​နေ့ နံနက်ပိုင်းမှစ၍ ပြုလုပ်​ဆောင်ရွက်ခဲ့သည်။

ထိုသို့​ဆောင်ရွက်ရာတွင် လမ်းတံတားဌာန တာဝန်ခံ ဦးကံထူးနှင့်အဖွဲ့မှ ဆောင်ရွက်လျက်ရှိရာ အမှတ်(၂)တိုင်း​ဒေသကြီး လွှတ်​တော်ကိုယ်စားလှယ် ဦးခင်ဝင်း၊ မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီ အဖွဲ့ဝင်တို့မှ ကွင်းဆင်းကြည့်ရှုပြီး ဆက်လက်​ဆောင်ရွက်ရန် ကျန်ရှိသည့်​ နေရာများအား ညှိနှိုင်း​ဆောင်ရွက်ခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ကမ်းနားလမ်း၊ အောက်ကြည့်မြင်တိုင်လမ်း၊ အထက်ကြည့်မြင်တိုင် လမ်းများ တစ်​လျှောက်တွင် ယခင်မူလ လမ်းအလယ်တုံးကြီးများကို ဖယ်ရှား၍ ခေတ်မီ ပုစံပြောင်း လမ်းအလယ်တုံး၊ လမ်းညွှန်စနစ် ဆိုင်းဘုတ်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)