လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ စာရေးဆရာအသင်းဝင်များအား ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်း)  အောက်တိုဘာ  ၂၃

ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ စာရေးဆရာ အသင်းဝင်များအား ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံစားသောက်ကုန်များကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စာရေးဆရာ အသင်းရုံးတွင် လာရောက်လှူဒါန်းသည်။

ထိုသို့ လှူဒါန်းရာတွင် ကမ္ဘကျော်ကုမ္ပဏီမှ ဒေါ်စန်းစန်းဆွေ ၊ ဒေါ်ကြည်ကြည်မာနှင့် ကမ္ဘာကျော် ရေသန့်ဝန်ထမ်းများ ပရဟိတအဖွဲ့မှ ငွေကျပ် လေးသိန်းခြောက်သောင်းနှင့် ကာလတန်ဖိုးငွေကျပ် ဆယ်သိန်း ကျော်တန်ဖိုးရှိ ဆန်၊ ဆီ၊ ပဲ၊ အာလူး၊ ဆား၊ ကြက်ဥ၊ အချိုမှုန့် အစရှိသည့် အခြေခံစားသောက်ကုန်များအား လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ စာရေးဆရာ အသင်းဝင်(၄၅)ဦးအား ပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။ မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ စာရေးဆရာမ အိမ့်ခေတ်မှူးမှ လာရောက် လှူဒါန်းပေးသော စေတနာရှင် ၊ အလှူရှင်များအား စာရေးဆရာ အသင်းဝင်အားလုံး၏ ကိုယ်စား ကျေးဇူတင် ဆုတောင်း မေတ္တာများ ပို့သခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေရီစိုးမှ အခုလို ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း လာရောက်လှူဒါန်းပေးပါသော အလှူရှင်များအား ကျေးဇူးတင်စကားနှင့် မြို့နယ်စာရေးဆရာ အသင်းဝင်များ အတွက်လည်း အထူးပင် ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။   

မြသန္တာဝင်း(ပြန်/ဆက်)