ဟင်္သာတမြို့နယ်၌ CERP (Covid Economic Relief Plan) အစီအစဉ်ဖြင့် ဆောင်ရွက်သော (CS-RS)ဆင်းသုခ မျိုးစေ့ထုတ် စိုက်ခင်းများ စတင်ရိတ်သိမ်းခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် CERP (Covid Economic Relief Plan) အစီအစဉ်ဖြင့် မြို့ကွင်း‌ ကျေးရွာအုပ်စု၊ စံပြစက်မှုလယ်ယာ ဧက(၁၀၀)တွင် စိုက်ပျိုးသည့်(CS-RS)ဆင်းသုခ မျိုးစေ့ထုတ်စံကွက် စိုက်ခင်းများ စတင်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်းက တောင်သူ(၂)ဦး ပိုင်ဆိုင်သည့် စံပြကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်၌ စုပေါင်းဝန်ထမ်းအိမ်ယာ ဆောက်လုပ်ရန် မြေနေရာကြည့်ရှု

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ဒေသဦးစီးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူရသိန်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်သည့်အဖွဲ့တို့က ယမန်နေ့ မွန်းလွဲ(၁)နာရီခန့်က စုပေါင်းဝန်ထမ်းအိမ်ယာ တည်ဆောက်မည့် မြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ၊ စမ်းသပ်ကွက်စိုက်ခင်းများ ရောဂါပိုးမွှားကျရောက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်−၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan) အရ ဆောင်ရွက်သော မိုးစပါး (RS-CS) မျိုးစေ့ထုတ် စိုက်ခင်းများ၊ ခေါင်နှံစိုက်ခင်းများ၊ မိုးစပါးပျိုးသက်နုကောက်ကွက်ကြဲ(SRI) စိုက်ပျိုးနည်းစနစ် စိုက်ခင်းများ၊ မျိုး(၄)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ခင်းများရှိ ဘော်ကြိုကျေးရွာအုပ်စု ဆားတွင်းကျေးရွာနှင့် မန်ဟဲကျေးရွာအုပ်စု နားခဲကျေးရွာတို့တွင် ယမန်နေ့ နံနက်ပိုင်းက ရောဂါပိုးမွှားကျရောက်မှု ရှိ/မရှိနှင့် တောင်သူအသိပညာပေးလုပ်ငန်းများကို ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြသည်။

ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ကာလအတွင်း ဈေးရောင်းသူများမှ အိမ်တိုင်ရာရောက် လာရောက် ရောင်းချ

ကိုဗစ်-၁၉ ရောဂါ  ဖြစ်ပွားနေစဉ်  ကာလအတွင်း  ရောဂါ ပျံ့နှံ့မှုမရှိစေရန်နှင့်  ကြိုတင်  ကာကွယ်ထိန်းချုပ်ခြင်းအနေဖြင့် လူစုလူဝေးများ မဖြစ်စေရန်အတွက်  

မိုင်းဖြတ်၌ ယာယီမဲရုံများ တည်ဆောက်မည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် မြို့နယ်အတွင်း ကျေးရွာအုပ်စုအချို့၌ ယာယီမဲရုံများ တည်ဆောက်သွားမည်ဖြစ်ရာ ယမန်နေ့ နံနက် ၁၀နာရီ အချိန်ခန့်က မဲရုံတည်ဆောက် မည့် ကျေးရွာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ဖားဆောင်းမြို့နယ်တွင် မိန်းကလေးငယ်များအား အိတ်ချ်ပီဗီကာကွယ်ဆေးစတင်ထိုးနှံပေး

ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဖားဆောင်းမြို့နယ်ရပ်ကွက်/ကျေးရွာများ၌ အသက်(၉)နှစ်နှင့် (၁၀)နှစ် မိန်းကလေးငယ်များအား အိတ်ချ်ပီဗီကာကွယ်ဆေးထိုးနှံခြင်းဖြင့် သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမှုနှုန်း(၉၅)ရာခိုင်နှုန်းကာကွယ်နိုင်ရန်နှင့် ဆောလျင်စွာထိုးနှံခြင်းဖြင့် အစောဆုံး သားအိမ်ခေါင်း ကင်ဆာကာကွယ်မှုရရှိနိုင်စေရန် ရည်ရွယ်၍ အိတ်ချ်ပီဗီပုံမှန် ကာကွယ်ဆေး စတင် ထိုးနှံခြင်းများကို  ယနေ့နံနက်(၉)နာရီအချိန်ကရပ်ကွက်/ကျေးရွာများရှိ မိခင်နှင့်ကလေး စောင့်ရှောက်ရေးဌာနများ၊ ကျေးလက်ဆေးပေးခန်းများတွင် ပြုလုပ်ခဲ့သည်။

ကျောက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများအတွက် ယာယီဆေးရုံဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများအတွက် ယာယီ ဆေးရုံဖွင့်လှစ်ခြင်းကို ယမန်နေ့ ညနေ(၃)နာရီက ပြုလုပ်ခဲ့သည်။

ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ပြည်သူများအား နှာခေါင်းစည်း (mask)များအခမဲ့ဖြန့်ဝေ

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်  စားသုံးသူရေးရာဦးစီးဌာနနှင့်   ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ     ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်        နှာခေါင်းစည်း (mask)များအား ယမန်နေ့က ကွင်းနောက်ရပ်ကွက်အတွင်းရှိ ပြည်သူများအား နှာခေါင်းစည်းများ လက်ဝယ်အရောက်အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

မယ်စဲ့မြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ လုပ်ငန်းစွမ်းရည်မြှင့် ပညာပေးဆင့်ပွားသင်တန်း ဖွင့်လှစ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကြီးမှူး၍ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယ မဲရုံမှူးများ လုပ်ငန်းစွမ်းရည်မြှင့် ပညာပေးဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၈ နာရီခွဲက အ.ထ.က (မယ်စဲ့)၌ ကျင်းပသည်။

သာယာဝတီ၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး  သာယာဝတီခရိုင်၊  သာယာဝတီမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန     ဝန်ထမ်းများက ၂၀၂၀ ပြည့်နှစ်   ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ  အောင်မြင်စွာကျင်းပနိုင်ရေးအတွက်
Subscribe to