ပန်းဘဲတန်း အောက်တိုဘာ ၂၃
ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းအား ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က ရွေးကောက်ပွဲများအား မြေပြင်တွင် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ရသော မဲရုံမှူး၊ ဒုမဲရုံမှူးများ အနေဖြင့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်း လက်စွဲများအား ကျေညက်စွာ နားလည်သဘောပေါက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီးနောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မိုးကျော်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်စုစုထွေးတို့က သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သင်တန်းပထမနေ့တွင် အမှတ်(၁)ရပ်ကွက်မှ (၆)ထိ သင်တန်းသား (၂၈)ဦး၊ ဒုတိယနေ့တွင် အမှတ်(၇) ရပ်ကွက်မှ (၁၁)ရပ်ကွက်ထိ သင်တန်းသားဦးရေ (၂၆)ဦး ကို မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လက်စွဲစာအုပ်အား အခြေခံ၍ နည်းပြ(၃)ဦးမှ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
နေခြည် (ပြန်/ဆက်)