ကြည့်မြင်တိုင် အောက်တိုဘာ ၂၃
ရန်ကုန်အနောက်ပိုင်း ခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အ.ထ.က(၅) Community Based Facility Quarantine Centerရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက် ယမန်နေ့က နိဗ္ဗာန်လမ်း စေတနာရှင် မိသားစုက နေ့လယ်စာနှင့် ညစာထမင်းဘူးများ လာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာ(၂၃) ရက်နေ့အတွက်လည်း နေ့လယ်စာနှင့် ညစာများကို နိဗ္ဗာန်လမ်း စေတနာရှင် မိသားစုများက တစ်ရက်တာလုံး လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ်အတွင်း Quarantine Centre (၆)ခုရှိပြီး အဆိုပါ အသွားအလာ ကန့်သတ် စောင့်ကြည့်နေရာများသို့ စေတနာရှင် အလှူရှင်များက နေ့စဉ် အလှူငွေ၊ ကာကွယ်ရေးသုံး ပစ္စည်းများ၊ ရေသန့်ဘူးများ စားသောက်စရာများကို လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)