ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လေးခန်းတွဲ ဝန်ထမ်း အိမ်ယာ ဆောက်လုပ်ပြီးစီး

ငဖဲ အောက်တိုဘာ  ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းခွဲ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစ၍ လပြည့်သိမ်းကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်ခဲ့ သော လေးခန်းတွဲဝန်ထမ်းအိမ်ယာ တစ်ထပ်အဆောက်အဦသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကုန်တွင် ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဂုတ်ကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ လေးခန်းတွဲ ဝန်ထမ်းအိမ်ယာ အဆောက်အဦသည် အလျား ပေ၉၀၊အနံ ပေ၃၀ ရှိ Streel Structure တစ်ထပ်အမျိုးအစား ဖြစ်၍ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ်    ၄၉.၉၅ သန်းဖြင့် လပြည့်သိမ်း ကုမ္ပဏီက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်မှစ၍ တာဝန်ယူဆောက်လုပ်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီးခဲ့ ကြောင်း သိရသည်။

မယု(ငဖဲ)