ကမာရွတ် အောက်တိုဘာ ၂၃
ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ် မြို့နယ်အတွင်းရှိ Quarantine Center များနှင့် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် (ရတနာ)ဆေးခန်းနှင့် ဆေးဆိုင်မိသားစုမှ PPE ဝတ်စုံ (၁၀) စုံ၊ အရက်ပျံဘူးကြီး (၁၀)ဘူး၊ Mask ၅၀.ပါ (၃၀)ဘူး၊ Hand Gel (၂၀)ဘူး၊ Royal D (၁၂)ကဒ်၊ Royal D ဓာတ်ဆား (၅)ဒါဇင်၊ ပေါင်မုန့် ၂၅၀ စာ(၂)ဘူး၊ Coffee Mix ၄၈ထုပ်ပါ( ၆)ထုပ်တို့ကို အ.မ.က(၂)ကျောင်း Community Base Facility Quarantine Center သို့ လာရောက်လှူဒါန်းခဲ့သည်။ အလားတူ Primary Contact များအတွက် အလှူရှင် မိသားစုမှလည်း အောက်စီဂျင် (၃)အိုးကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုအား မြို့နယ်ကိုဗစ်ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)