အလုံ အောက်တိုဘာ ၂၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံ အသွားအလာ ကန့်သတ်စောင့်ကြည့် နေရာတွင် အသွားအလာကန့် သတ်ထား သူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်နေ့က နေ့လယ်စာနှင့် ညစာ ထမင်းဘူးများ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် အလှူရှင် စောနောက်ရပ်ကွက်၊ မိုးကောင်းသစ်ဆိပ်ဝင်း မိသားစုမှ နေ့လည်စာနှင့် ညစာအတွက် ထမင်းဘူး(၃၃၀)ဘူးကို လာရောက်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အသွားအလာ ကန့်သတ်စောင့်ကြည့် နေရာများကို အ−ထ-က(၇) နှင့် အ-ထ-က(၄) အလုံတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများသို့ စေတနာရှင် အလှူရှင်များက နေ့စဉ်အလှူငွေ၊ ကာကွယ်ရေး သုံးပစ္စည်းများနှင့် စားသောက်စရာများကို နေ့စဉ်မပြတ် လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။
တင်တင်ချို(အလုံ)