ကျိုက်လတ်၌ လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်

ကျိုက်လတ် အောက်တိုဘာ ၂၃

ကျိုက်လတ်မြို့နယ် ကဿဝင်ကျေးရွာနှင့် မတ္တာကျေးရွာတို့တွင် (၂၀-၁၀-၂၀၂၀) ရက်နေ့က  လေပြင်းတိုက်ခတ်မှုကြောင့် ပဲခိုးစုကျေးရွာအုပ်စု၊ ကဿဝင်ကျေးရွာတွင် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၂) လုံးနှင့် အောက်ဆင်ကူးကျေးရွာအုပ်စု၊ မတ္တာကျေးရွာတွင် နေအိမ်(၁)လုံး ပြိုကျပျက်စီးမှုအတွက်  ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်  ၁၁နာရီ ၄မိနှစ်အချိန်က ပြုလုပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ခြင်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ဆောက်ပစ္စည်းဖိုး (၁၇၀၀၀၀/-)  ၊ လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာငွေ (၃၅၇၀၀/-)၊ စုစုပေါင်းငွေ (၂၀၅၇၀၀/-) နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး ၊(၁) အိမ်ထောင်စုစာအတွက် (၃၄၇၅၃/-)  ကို  ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့် ပြည်သူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရီရီမြင့်(ပြန်/ဆက်)