မော်လမြိုင်မြို့တွင် သတ်မှတ်နေရာများ၌ အသွားအလာ ကန့်သတ်ထားရှိမည်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သတ်မှတ်နေရာများ၌ အသွားအလာ ကန့်သတ်ထားရှိမည့် (၁၀) မြို့နယ် ဆောင်သို့ ယမန်နေ့ ညပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်လာသော နေရပ်ပြန် ကျား (၄၇) ဦးနှင့် မ (၁၆) ဦး စုစုပေါင်း (၆၃)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျား တိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထားပေးကြောင်း သိရသည်။

မိုင်းရှူးမြို့ရှိ နမ့်ပန်ချောင်းတံတား တည်ဆောက်ပြီးစီးပြီဖြစ်၍ ဖြတ်သန်းခွင့်ပြု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်၊ မိုင်းနောင်-မိုင်းရှူးလမ်းပေါ်ရှိ နမ့်ပန်ချောင်းကိုဖြတ်၍ တည်ဆောက်ထားသည့်အမှတ် (၂/၇၉)၊ နမ့်ပန်ချောင်းတံတား (မိုင်းရှူး) တည်ဆောက်ပြီးစီးပြီဖြစ်၍ စက်တင်ဘာ ၃၀ ရက်နေ့မှ ဖြတ်သန်းသွားလာ ခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ မဲရုံများအား ကွင်းဆင်းစစ်ဆေး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မြို့နယ်အတွင်းရှိ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး Talk Show ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများ သိရှိနိုင်စေရန်

ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Covid-19 ရောဂါကြိုတင်ကာကွယ်ရေးဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက်နှင့်အညီ သိရှိနိုင်စေရန်နှင့် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေ သော ကိုဗစ်-၁၉ဆိုင်ရာ သတင်းအမှားများနှင့်ပတ်သက်၍ သိရှိနိုင်စေရန်အတွက် အသိပညာ ပေးနံရံကပ်စာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့သည်။

မိုင်းပန်မြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးသင်တန်း ဖွင့်လှစ်ပို့ချ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်‌ရေးအတွက် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး သင်တန်းကို ယနေ့ နံနက် ၉ နာရီ အချိန် က အ.လ.က(ခွဲ) မြို့မကျောင်း၌ ဖွင့်လှစ် ပို့ချပေးခဲ့ကြောင်းသိရသည်။

မုဒုံမြို့နယ်တွင် ကား(၁)စီး မီးလောင်မှုဖြစ်ပွား

မွန်ပြည်နယ် မုဒုံမြို့နယ် ကွမ်တာကျေးရွာအနီး မိုင်တိုင် အမှတ်(၁၅/၀)နှင့် (၁၅/၁) တံတား အမှတ် (၂/၁၅) ကြားတွင် ယမန်နေ့မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့် အချိန်တွင် ကား(၁)စီး မီးလောင်မှု ဖြစ်ပွားကြောင်းသိရသည်။

ကရင်ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရှမ်းရွာသစ်မြို့ရှိ အထူးရဲသင်တန်းသို့ သွားရောက်စစ်ဆေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ မဲရုံလုံခြုံရေး အထူးရဲသင်တန်းကို အောက်တိုဘာလ (၁)ရက်နေ့မှစတင်၍ ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလင်းထွဋ်က သင်တန်းသားများနှင့် တာဝန်ရှိသူများတို့အား တွေ့ဆုံကာ အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ကော့သောင်းမြို့မှ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူတစ်ဦး ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ပြု

ကော့သောင်းပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိသော ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ရှိသူလူနာတစ်ဦး ရောဂါသက်သာပျောက်ကင်းသဖြင့် ယမန်နေ့မွန်းလွဲပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းမြို့တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြား

စစ်ကိုင်းမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် တာဝန် ထမ်းဆောင် ကြမည့်သူများအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ယမန်နေ့က အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ပါရဂူခန်းမ၌ ဖွင့်လှစ် သင်ကြားပေးခဲ့သည်ကို သိရသည်။
Subscribe to