ဟိုပန် အောက်တိုဘာ ၂၃
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချိုလေးနှင့်ဝန်ထမ်းများ၊ လယ်ယာမြေစီခံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဝန်ထမ်းများသည်မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့ မွန်းလွဲ ၃ နာရီအချိန်က ကွင်းအမှတ်(၆)၊ ကောင်းဟုန်းကွင်း၊ ဦးပိုင်အမှတ်(၁၆/၁)၊ တောင်သူ ဦးကျန်လော်ဝူ၏ လယ်မြေ(၂)ဧကတွင် ပြုလုပ်ခဲ့သည်။
လယ်မြေတွင် (၅၀၂) မျိုးစပါးအား စိုက်ပျိုးထားပြီး စပါးသက်တမ်းအနေဖြင့် ရက်ပေါင်း (၁၃၅)ရှိပါသည်။ စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကလျှင် အစို(၁၁၃)တင်း ထွက်ရှိပြီး အခြောက် (၁၀၂)တင်းထွက်ရှိပါသည်။ ဟိုပန်မြို့နယ်တွင် မိုးစပါးလယ်(၅၀၃၈)ဧက၊ ယာ(၄၄၁၈)ဧက၊ စုစုပေါင်း(၉၄၅၆) ဧက စိုက်ပျိုးထားရှိပြီး ဒေသနှင့်ကိုက်ညီသည့် (၅၀၂)စပါးမျိုးများကို အဓိကထား စိုက်ပျိုးကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်