ဘောလခဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးအသိပညာပေးမှုများ အရှိန်အဟုန်မပျက် ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာ စျေးရောင်း စျေးဝယ်သူနှင့် ပြင်ပထွက်ခွာ သွားလာနေသော ပြည်သူများအား ကိုယ်အပူချိန်တိုင်းခြင်း၊မဖြစ်မနေ Mask တပ်ဆင်ရေး သိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဝင်များက ယနေ့ နံနက် (၈) နာရီ အချိန်မြို့မစျေးရှေ့၌ ဆောင်ရွက်ခဲ့သည်။

မင်းတပ်မြို့နယ်ရှိ ဆက်သွယ်ရေးခက်ခဲသည့် မဲရုံများအတွက် လက်ကိုင်စကားပြောစက်(၂၅)လုံး ထားရှိသွားမည်

မင်းတပ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဲရုံပေါင်း (၁၁၆)ရုံဖြင့် ကျင်းပမည်ဖြစ်ရာ တယ်လီဖုန်းလိုင်းမရသည့် မဲရုံ(၂၅)ရုံအတွက် လက်ကိုင် စကားပြောစက် (၂၅)လုံး ထားရှိသွားမည် ဖြစ်သည်။

ကျောက်မဲမြို့နယ် နားပြိန်းကျေးရွာ မီးလင်းပြီ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ နားပြိန်းကျေးရွာအုပ်စု၊ နာပြိန်းကျေးရွာ မီးလင်းရေးဆောင်ရွက်ပေးလျက်ရှိရာ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်သောကြောင့် ယမန်နေ့ကစ၍ နားပြိန်းကျေးရွာ မီးလင်းပြီ ဖြစ်ကြောင်း သိရသည်။

တဝန်ဖန်ရကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် တဝန်ဖန်ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခင်းလုပ်ငန်းကို ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

ဟုမ္မလင်းမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မဲရုံမှူးသင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်ဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းနှင့် မဲရုံသရုပ်ပြ သင်တန်းကို ယနေ့နံနက် ၉ နာရီတွင် ဟုမ္မလင်းမြို့ ပြည်သူ့စည်ပင်ခန်းမတွင် ဖွင့်လှစ်သည်။

ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းရှိ အချုပ်သားများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းရှိ အမှုစစ်ဆဲ အချုပ်သားများ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

အုတ်ဖိုမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများအား မဲရုံသုံးပစ္စည်းများ ထုတ်ပေး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်ကျေးရွာကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူများအား မဲရုံသုံးပစ္စည်း အချို့ကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် လှိုင်းဘွဲမြို့နယ်အတွင်း မိကြောင်-သမို-ရှမ်းရွာသစ်လမ်း ဆောင်ရွက်မှုများ ရာနှုန်းပြည့်ပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ကွပ်ကဲမှုအောက်ရှိ လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက်ညွန်ကြားရေးမှူးနှင့်အဖွဲ့ဝင်များက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးရာ လုပ်ငန်း များ ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။

ကျောက်တံတားမြို့နယ် Community Based Facility Quarantine Center သို့ နံနက်စာအာဟာရများ လာရောက် လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် Community Based Facility Quarantine Centerရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် (၁၀) ဦးစိန်အုန်းက နံနက်စာအာဟာရဒါနအဖြစ် နန်းကြီးသုတ်၊ နွားနို့ပေါင်မုန့်နှင့် ကော်ဖီဘူးများ လာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Subscribe to