ရှားတော အောက်တိုဘာ ၂၃
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ် ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင် ရေး အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ယနေ့ နံနက် (၈) နာရီအချိန်၌ လူသွား လူလာများသော စျေးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် မင်းခေါင်လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ ဖြစ်ကြသော လူမှုဝန်ထမ်းဦးစီးဌာန မြိုနယ်ဦးစီးမှူး ဒေါ်ရီရီချို ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စျေးပိုင်းရပ်ကွက် ဗိုလ်ချုပ် လမ်းနှင့် မင်းခေါင်လမ်းဆုံတွင် သွားလာနေသော ပြည်သူများအား မိမိတို့ နေအိမ်ပြင်ပကို ထွက်ခွာသွားလာ ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးပြောကြားပြီး Mask တပ်ဆင် ခြင်းမရှိသော ပြည်သူများအား Mask များကို ချက်ချင်းဝယ်ယူတပ်ဆင်စေခဲ့ကြောင်း သိရသည်။
ထွန်းအောင်(ပြန်/ဆက်)